မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဆာရောဂါ ဖြစ်နေဟု သတင်းများထွက်လာ

alt

မြောက် ကိုရီးယား အာဏာရှင်ကြီး ကင်ဂျံုအီသည် ပြင်းထန် ဆိုးရွားသည့် ကင်ဆာရောဂါ တခုကြောင့် နောက်ဆုံး အချိန်နှင့် နီးကပ် နေပြီဟု တောင် ကိုရီးယား ရုပ်မြင်သံကြား

ဌာနတခုက ဇူလိုင်လ (၁၃)ရက် နေ့က ခန့်မှန်း ဖော်ပြ လိုက်သည်။

အသက် (၆၇)နှစ် ရှိပြီဖြစ်သော ကင်သည် ပန်ကရိယ ကင်ဆာ၏ နောက်ဆုံး အဆင့်ကို ခံစားနေရပြီး နောက်ထပ် (၅)နှစ်ထက် သက်တမ်း မရှည်နိုင်တော့ပါဟု ဆိုးမြို့တော်မှ YTN ရုပ်မြင်သံကြား ဌာနက ပြောကြားခဲ့သည်။

ကင်သည် ပြီးခဲ့သည့် နှစ်ပိုင်းများက နှလုံးရောဂါနှင့် လေဖြတ်ဝေဒနာများ ခံစားခဲ့ရကြောင်း သတင်းများ ပြန့်နှံ့ ခဲ့သေးသည်။ ယခု သတင်းနှင့် ပတ်သက်ပြီး တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူများက တစုံတရာ ထောက်ခံပြောဆိုခြင်း မရှိသေးသလို တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီကလည်း အတည်ပြုချက် ပေးရန် ငြင်းဆန်ထားသည်။

သမတကြီး မစ္စတာကင်သည် ၎င်း၏ တတိယမြောက်နှင့် အငယ်ဆုံးသားဖြစ်သည့် ကင်ဂျံုအန်ကို အရိုက်အရာ လွှဲအပ်ထားကြောင်း သတင်းကြီးနေသလို ထိုလုပ်ရပ်သည် နောက်ဆုံး အချိန်အတွက် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်နိုင်ကြောင်း YTN က သုံးသပ် ဖော်ပြခဲ့သည်။

သို့သော်လည်း ၎င်း၏ဖခင်ကြီး ကွယ်လွန်မှု (၁၅)နှစ်ပြည့် အခမ်းအနားသို့ တက်ရောက် လာခဲ့သည့် ကွန်မြူနစ် ခေါင်းဆောင်ကြီး၏ အခြေအနေမှာ ကျန်းမာနေဟန် ရှိကြောင်း သုံးသပ်မှုများ ထွက်ပေါ် နေဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here