တေးသီချင်း များသာ ဘဝ၏ လက်တွဲဖော်ဟု လေဒီဂါဂါ ပြော

alt

လေဒီဂါဂါက သူမ၏ ဘဝအတွက် လက်တွဲဖော် အစစ်အမှန်သည် တေးသီချင်း များသာ ဖြစ်ကြောင်း ပြောကြား လိုက်သည်။

Poker Face အဆိုတော်မလေးက သူမသည် တေးသီချင်း များကိုသာ ချစ်ခင် မြတ်နိုးသဖြင့် အခြား ချစ်မြတ်နိုးရမည့် ယောက်ျား တစ်ဦးကို လက်ထပ်ရန် စိတ်ကူးမရှိခဲ့ဟု ပြောကြားခဲ့သည်။ အသက် (၂၃)နှစ် အရွယ် ဂါဂါက သူမသည် အိမ်ထောင် ရက်သားကျသည်ကို ပရိသတ်များ မြင်ကြရမည် မဟုတ်ကြောင်း၊ သူမသည် တေးသီချင်းများကို လက်ထပ်ထားပြီး ထိုတေးသီချင်း များကသာ သူမ၏ ခင်ပွန်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တေးသီချင်း များသည် သူမဘဝတွင် အင်အားအကြီးဆုံး လွှမ်းမိုး ထားကြောင်းလည်း ဂါဂါ က ဆိုသည်။ သူမသည် ယောက်ျားများထက် သီချင်းများကိုသာ စိတ်ဝင်စားသဖြင့် လက်ထပ်ရန် အစီအစဉ် လုံးဝမရှိကြောင်း ဂါဂါက မှတ်ချက် ပြုခဲ့သည်။

ဂါဂါက သူမသည် တခါတရံ အမျိုးသားများအား စိတ်ဝင်စားသလို ရှိခဲ့သော်လည်း ဘဝအတွက် ထာဝရ လက်တွဲရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။ သူမသည် အနုပညာ တစ်ခုကို ဖန်တီးနေကြောင်း၊ ထိုနယ်ပယ် တွင်ပင် ဘဝတစ်ခုလုံး စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားပြီး အိမ်ထောင်ရေးကို စိတ်မကူးလိုကြောင်း ဂါဂါက ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here