ဗြိတိန် နိုင်ငံသားတိုင်း တုပ်ကွေး ကာကွယ်ဆေး ထိုးပေးရန် စီစဉ်နေပြီ

alt

ဗြိတိန် နိုင်ငံသားတိုင်းအား တုပ်ကွေး ကာကွယ်ဆေးများ ထိုးပေးသွားရန် စီစဉ်ထားကြောင်း ဗြိတိသျှ ကျန်းမာရေး အာဏာပိုင်များက ဇူလိုင်လ (၁၂) ရက်နေ့က ကြေညာခဲ့သည်။

ဗြိတိန်တွင် A/H1N1 တုပ်ကွေး ကူးစက်မှုသည် လူ(၁၀၀၀၀)နီးပါး အထိ ပြန့်ပွား မြင့်တက်လာပြီး နောက် ယခု စီမံကိန်းကို စတင်ခြင်း ဖြစ်သည်။ A/H1N1 တုပ်ကွေးကို ကာကွယ်နိုင်မည်ဟု ယုံကြည်ရသည့် ကာကွယ်ဆေးများ ထိုးနှံခြင်းအတွက် ပထမအသုတ်ကို စက်တင်ဘာလတွင် ပြုလုပ်မည်ဖြစ်ပြီး တနိုင်ငံလုံး ဆေးထိုးခြင်းကို တပါတ်အတွင်း အပြီးသတ် နိုင်မည်ဟု ကျန်းမာရေး ၀န်ကြီးဌာနက မျှော်လင့်ထားသည်။

ထို ကာကွယ်ဆေးထိုးရေး စီမံကိန်းကြီးသည် နှစ်(၅၀) အတွင်း အကြီးမားဆုံး ကာကွယ်ဆေး ထိုးနှံမှု လုပ်ငန်းကြီးလည်း ဖြစ်လာမည်ဟု သိရှိရသည်။ ကျွမ်းကျင်သူများက နိုင်ငံတဝှမ်းတွင် ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းများ တွင်ကျယ်ပြီး မြောက်ရန် အစီအစဉ်များ ရေးဆွဲနေပြီဟု ပြောကြားခဲ့သည်။

ဗြိတိန် ကျန်းမာရေးဌာနမှ A/H1N1 တုပ်ကွေးဆိုင်ရာ ဦးဆောင်ညှိနှိုင်းရေး တာဝန်ခံ ပီတာဟိုဒန်း က ယခု စီမံကိန်းအတွက် ဒေသဆိုင်ရာ ပုဂ္ဂလိက ဆေးခန်များကိုပါ အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇူလိုင်လ (၁၂)ရက် နေ့အထိ မှတ်တမ်းများအရ ဗြိတိန်တွင် A/H1N1 ကူးစက်ခံရသူ အရေအတွက်မှာ (၉၇၁၈)ဦး အထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၁၅)ဦးအထိ မြင့်တက်လာခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here