အမေရိကန် နှင့် တောင်ကိုရီးယား အစိုးရ ဝဘ်ဆိုဒ်များ တိုက်ခိုက်ခံရမှု ခြေရာခံရန် ခက်ခဲနေဆဲ

alt

အမေရိကန်နှင့် တောင်ကိုရီးယား အစိုးရပိုင် ၀ဘ်ဆိုဒ်များကို တိုက်ခိုက် ခဲ့မှုများအား ခြေရာခံ လိုက်နိုင်ရန် ခက်ခဲနေဆဲ ဖြစ်ကြောင်း တောင် ကိုရီးယား အာဏာပိုင် များက ၀န်ခံ ခဲ့ကြသည်။

၎င်းတို့၏ ၀ဘ်ဆိုဒ်များကို တိုက်ခိုက် ခဲ့သူများသည် နိုင်ငံ(၁၆)ခုမှ IP Address (၈၆)ခုကို အသုံးပြုထားကြောင်း တောင်ကိုရီးယား IT ပညာရှင်များက ပြောကြားခဲ့ကြသည်။ မြောက်ကိုရီးယားမှ Hacker များ၏ လက်ချက် ဖြစ်နိုင်သည်ဟု ယူဆရသော တိုက်ခိုက်မှု များတွင် အသုံးပြုထားသော IP Address များအနက် တောင်ကိုရီးယား၊ အမေရိကန်၊ ဂျပန် နှင့် ဂါွတီမာလာ တို့မှ IP Address များလည်း ပါ၀င်နေခဲ့သည်။

တောင်ကိုရီးယား ပါလီမန် ထောက်လှမ်းရေး ကော်မတီမှ တာဝန်ရှိသူ တဦးဖြစ်သည့် ချောင်ချင်း က ယခုကိစ္စကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ ချောင်က ယခု တိုက်ခိုက်မှုများတွင် မြောက်ကိုရီးယားမှ ဆက်စပ် ပါ၀င်နေသည် ဆိုသော အထောက်အထားကို မတွေ့ရှိရ သေးကြောင်းလည်း ပြောကြားခဲ့သည်။

ယခု တွေ့ရသော နိုင်ငံ(၁၆)ခု စာရင်းတွင် မြောက်ကိုရီးယား လုံးဝ မပါ၀င်ခြင်း ကလည်း ကမာ္ဘ့ လက်နက်အင်အားကြီး ကွန်မြူနစ်နိုင်ငံ အပေါ် သံသယ ၀င်စရာ ပိုုမိုဖြစ်ပေါ် လာခဲ့ရသည်။

တောင်ကိုရီးယား ကဲ့သို့ပင် အမေရိကန် ကလည်း စုံစမ်းမှုများ ပြုလုပ်နေပြီး မည်သည့်နေရာမှ တိုက်ခိုက်ခဲ့သည်ကို အလျှင်အမြန် မဖော် ထုတ်နိုင်သေးကြောင်း ၀န်ခံထားလိုက်ပြီ ဖြစ်သည်။ ယခု တိုက်ခိုက် ခံရမှုတွင် မြောက်ကိုရီးယား၏ ရန်ဘက်နိုင်ငံ ဂျပန်ကို ပစ်မှတ် ထားရှိခြင်း မရှိသည်မှာလည်း  မြောက်ကိုရီးယားအား ထားရှိသော သံသယများ ချေဖျက်ရာ ရောက်နေသည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here