ဖရန့် ရစ်ဘာရီ အား လီဗာပူး မှခေါ်ယူမည်ဟု ဆို

alt

လီဗာပူး အသင်းသည် ဘိုင်ယန်မြူးနစ်မှ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ဖရန့်ရစ်ဘာရီ ကို ခေါ်ယူရန် စိတ်ဝင် စားနေကြောင်း သိရှိရသည်။

ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီး၊ မန်ချက်စတာ ယူနိုက်တက် နှင့် ဘာစီလိုနာစသော ဥရောပထိပ်တန်း အသင်းကြီးများ၏ အပြိုင်အဆိုင် စိတ်ဝင်စား နေမှုကြောင့် ဘိုင်ယန်က ဈေးကိုင်ထားသည့် ဘောလုံးသမားအား ယူရို (၄၆)သန်းဖြင့် ကမ်းလှမ်းနိုင်မည်ဟု လီဗာပူး နည်းပြ ရာဖေး ဘင်နီတက်စ်က ယုံကြည်နေသည်။

ဗြိတိန်မီဒီယာ အချို့တို့ကလည်း မိုက်ကယ်အိုဝင် အား မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူခဲ့သည့် မထင်မှတ်သော အပြောင်းအရွှေ့မျိုး လီဗာပူးက လုပ်ပြ လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း နေကြသည်။ သို့သော်လည်း လီဗာပူး၏ ဘဏ္ဍာငွေ အခြေအနေမှာ ရစ်ဘာရီ ကဲ့သို့ ထိပ်တန်း ကစားသမားတစ်ဦး ၀ယ်ယူနိုင်ရေး အတွက် ရုန်းကန်ရဖွယ် ရှိနေသောကြောင့် အသင်းရှိ ဇာဘီ အလွန်ဆို နှင့် ဟာဗီးယား မာချီယာနို တို့အား ရောင်းထုတ်ရန် ပိုမို နီးစပ်လာဖွယ် ရှိသည်။

လီဗာပူးသည် ယခုနှစ် အပြောင်းအရွှေ့ ဈေးကွက်တွင် ပို့မောက်စ်မှ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ဂလင်းဂျွန်ဆင် တစ်ဦးတည်း ကိုသာ ပေါင် (၁၇)သန်းဖြင့် ခေါ်ယူ နိုင်ခဲ့သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here