ဘရာဇီးနိုင်ငံတွင် မျောက် မျိုးစိတ်သစ် ရှာဖွေတွေ့ ရှိ

alt

သတ္တဗေဒ ပညာရှင်အဖွဲ့ တခုက ၎င်းတို့သည် ဘရာဇီးနိုင်ငံ၊ အမေဇုန် အမြဲစိမ်း တောကြီးထဲတွင် မျောက် မျိုးစိတ်သစ် တမျိုးကို ရှာဖွေတွေ့ရှိ နိုင်ခဲ့ကြောင်း ပြောကြား သွားခဲ့သည်။

ထိုမျောက်များသည် သေးငယ်ပြီး အညိုရင့်ရောင်နှင့် မီးခိုးရောင် အမွေးများ ရှိတတ်ကြောင်း သားရိုင်းတိရိစာ္ဆန် လေ့လာရေး ပညာရှင် ဖေဘီယို ရိုဟေး ဦးဆောင်သော အဖွဲ့က ကြေညာခဲ့သည်။ မျောက်များသည် အရွယ်အားဖြင့် (၉)လက်မ မျှသာ အရပ်မြင့်ပြီး အမြီးမှာ (၁)လက်မ ၀န်းကျင်သာ ရှိတတ်သည်။

အလေးချိန် အားဖြင့် (၁)ပေါင် ၀န်းကျင်သာ ရှိသော ထိုမျောက်လေးများအား Saddle ဟုပင် ယာယီ အမည်ပေးထားသည်။ ယင်း မျောက်ကလေးများသည် Tamarin မျောက်မျိုးများနှင့် ဆင်တူပြီး ဘရာဇီးနိုင်ငံ အနောက်မြောက်ဘက် အမေဇုန် တောနက်ကြီး အတွင်း ကျက်စား နေထိုင်ခြင်း ဖြစ်ဟန်တူသည်။

ထို မျောက်ကလေးများကို (၂၀၀၇)ခုနှစ် ကတည်းက တွေ့ရှိခဲ့ဖူး သော်လည်း မှတ်တမ်း မတင်ရသေးသည့် မျိုးစိတ်မှန်း မသိခဲ့ကြောင်း ဖေဘီယို က ဆိုသည်။ ယခု တွေ့ရှိမှုသည် သားရိုင်းတိရစာ္ဆန် မျိုးစိတ်သစ်များ ရှာဖွေ မှတ်တမ်းတင်သည့် လုပ်ငန်းအတွက် အရေးပါသော ခြေလှမ်းတခု ဖြစ်လာကြောင်းလည်း ဖေဘီယိုက ပြောကြားခဲ့သည်။

၎င်းတို့အဖွဲ့သည် အမေဇုန် တောနက်ကြီး အတွင်း နောက်ထပ် မျိုးစိတ်သစ် တိရစာ္ဆန်များ တွေ့ရှိနိုင်ရန် ဆက်လက် ရှာဖွေနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here