အမေရိကန်တွင် ဆန္ဒပြသူများ ဖမ်းဆီးခံရ

alt

အမေရိကန်ရှိ ကက်ပီတို အဆောက်အအုံ အနီးတွင် ဆန္ဒပြနေသူ တစုသည် ဇူလိုင်လ (၉)ရက်နေ့က ဖမ်းဆီးခြင်း ခံလိုက်ရကြောင်း သိရှိရသည်။

AIDS ဆန့်ကျင်ရေး ဆန္ဒပြသူ (၂၆)ဦး တို့သည် တရားဥပဒေနှင့် မလျော်ညီစွာ စုရုံးမှုကြောင့် ယခုလို အဖမ်းခံရခြင်းဟု ကက်ပီတိုရှိ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ကင်ဘာလေ ရှနေးဒါးက ပြောကြားခဲ့သည်။ ထိုသူများသည် အမေရိကန် အစိုးရက AIDSရောဂါ တိုက်ဖျက်ရေး အတွက် ရံပုံငွေ သုံးစွဲမှုတွင် လျော့နည်းနေကြောင်း အော်ဟစ် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး (၁၅)ဦး တို့ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ထိုသူများသည် ၀ါရှင်တန်၊ ဖီလာဒဲဖီးယားနှင့် နယူးယောက်တို့တွင် အခြေစိုက်သော AIDS ဆန့်ကျင်ရေး အဖွဲ့များမှ ဖြစ်သည်။ ဆန္ဒပြသူများ ပါ၀င်သည့် အဖွဲ့တစ်ခုဖြစ်သည့် Health Global Access Project က ၎င်းတို့အနေနှင့် HIV နှင့် AIDS တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အတွက် ရံပုံငွေ ပိုမို ရရှိလိုကြောင်း ပြောကြား ထားခဲ့ဖူးသည်။

ထို့အပြင် ကမာ္ဘလုံးဆိုင်ရာ AIDS တိုက်ဖျက်ရေးနှင့် ကမာ္ဘလုံးဆိုင်ရာ အိုးအိမ် ပိုင်ဆိုင်ရေး လုပ်ငန်းများ အတွက်လည်း အမေရိကန် အစိုးရအနေနှင့် ငွေကြေးပိုမို ထည့်ဝင်ရန် အဆိုပါအဖွဲ့က တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here