ဗြိတိန်၏ အနုမြူလက်နက်များ လျှော့ချ သွားဖွယ်ရှိနေ

alt

ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ဗြိတိန်နိုင်ငံ အနေနှင့် ၎င်းတို့ ပိုင်ဆိုင်သည့် အနုမြူ လက်နက် အရေအတွက်ကို လျှော့ချ သွားဖွယ် ရှိကြောင်း ပြောကြား လိုက်သည်။

နိုင်ငံတကာမှ လက်နက် လျှော့ပေါ့ရေး စီမံချက်များနှင့် အီရန်၊ မြောက်ကိုရီးယား တို့၏ အနုမြူ ထုတ်လုပ်မှု ကြိုးပမ်း နေသည်များကို စွန့်ပစ် စေလိုသော ရည်ရွယ်ချက်ဖြင့် ယခုလို စဉ်းစားနေခြင်း ဖြစ်ကြောင်း အီတလီ နိုင်ငံတွင် ကျင်းပသည့် G-8 အစည်းအဝေးတွင် ဘရောင်းက သတင်းထောက် များအား ပြောကြား လိုက်သည်။

လာမည့်နှစ်မှ စတင်ပြီး ဗြိတိန်၏ အနုမြူ လက်နက်တိုက်များကို ပိတ်သိမ်း သွားဖွယ်ရှိကြောင်း ဘရောင်း က ဆိုသည်။ ၎င်းတို့၏ လုပ်ဆောင်မှုကို တဟီရန် နှင့် ပြံုယမ်း မြို့တော်များမှ အစိုးရများက လိုက်လံ ကျင့်သုံး စေလိုကြောင်း ဘရောင်းက ပြောကြားခဲ့သည်။

ဗြိတိန်တွင် အနုမြူ ထိပ်ဖူးတပ် ဒုံးကျည် အစင်း(၁၆၀)မျှ ရှိနေဆဲဖြစ်ပြီး မည်သည့် ပမာဏအထိ လျှော့ချမည်ကိုမူ ဘရောင်းက မပြောဆိုသေးချေ။ သို့သော်လည်း ဗြိတိန်အနေနှင့် အနုမြူလက်နက် လျှော့ချရေး စီမံကိန်း အတွက် အီရန်၊ မြောက်ကိုရီးယား နိုင်ငံများအား ဆွေးနွေးသွားရန် ဆန္ဒရှိနေကြောင်း ကိုမူ ဘရောင်းက ထည့်သွင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here