စပိန်ရိုးရာ နွားရိုင်သတ်ပွဲ လူသေဆုံးမှု ဖြစ်ပွား

alt

စပိန်နိုင်ငံ၊ ပမ်းပလိုးနားတွင် ကျင်းပသည့် ရိုးရာပွဲတော် နွားရိုင်းလွှတ် ပွဲတော်တွင် လူတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ (၁၀)ရက် နေ့က သေဆုံးသွား သူသည် (၁၅)နှစ်နီးပါး ကြာမြင့်သော ကာလအတွင်း နွားသိုးခွေ့ ခံရပြီး ပထမဆုံး အကြိမ် သေဆုံးသူ ဖြစ်လာခဲ့ရသည်။ အခြား (၉)ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့ကြသည်။

ဆမ်ဖာမင် ပွဲတော်သည် နွားရိုင်းများရှေ့မှ လူအများ ထွက်ပြေးရသည့် ပွဲတော်ဖြစ်ပြီး ပွဲတော်၏ တရားဝင် ၀ဘ်ဆိုဒ်က မည်သူမည်ဝါမှန်း မသိရသေးသော အဆိုပါ ပုဂ္ဂိုလ်သည် ရင်ဘတ်နှင့် အဆုတ်တွင် ရရှိသေး ဒဏ်ရာများကြောင့် ကွယ်လွန်ကြောင်း ဖော်ပြထားသည်။

၎င်းအား ဒေါသ ထွက်နေသော နွားကြီးတကောင်က အသေ ထိုးဝှေ့ခဲ့ခြင်းဟုလည်း သိရှိရသည်။ ဒဏ်ရာရသူ (၉)ဦး အနက် (၃)ဦး မှာလည်း နွားဝှေ့ခံရခြင်းကြောင့် ဖြစ်ပြီး အခြားသူများမှာ ပြေးရင်းလွှားရင်း မတော်တဆ ထိခိုက်မိခြင်း ဖြစ်သည်။

ယခု သေဆုံးခဲ့သူ မတိုင်မီက နွားဝှေ့ခံရပြီး ဆမ်ဖာမင် ပွဲတော်တွင် နောက်ဆုံး သေဆုံးခဲ့သူမှာ (၁၉၉၅)ခုနှစ်က အမေရိကန် နိုင်ငံသား အသက်(၂၂)နှစ် အရွယ် မက်သရူး တက်ဆီယို ဖြစ်ပြီး ယခု နောက်ဆုံး ဖြစ်ပွားခဲ့သော သေဆုံးမှုကြောင့် (၁၉၂၄)ခုနှစ် မှစပြီး လူသေမှုမှာ (၁၅)ဦး အထိ ရှိသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here