တရုတ် နိုင်ငံရှိ ပိတ်ထားသော ဗလီအချို့ ပြန်ဖွင့့်ပေး

alt

အူရမ်ကွီရှိ ပိတ်ထားသော ဗလီအချို့ကို သောကြာနေ့ ဘုရား ၀တ်ပြုသူများ အတွက် ပြန်ဖွင့် ပေးခဲ့ကြောင်း သိရှိရသည်။

တရုတ် အစိုးရသည် ထိုမြို့တွင် လူ(၁၅၆)ဦး ထက်မနည်း သေဆုံးသည် အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော လူမျိုးရေး အဓိကရုဏ်း များကို နှိမ်နင်း ပြီးနောက်ပိုင်း ဗလီ ၀တ်ကျောင်းများကို ပိတ်ထားခဲ့သည်။ ဇူလိုင်လ (၁၀)ရက် နေ့ကမူ မွတ်ဆလင် ထုံးစံအရ သောကြာနေ့ ၀တ်ပြု ဆုတောင်းနိုင်ရန် ဗလီများကို ပြန်လည် ဖွင့်ပေးခဲ့သည်။

ဗလီများ၏ ရှေ့တွင် အူဂါတို့ အမြောက်အမြား လာရောက် စုရုံးကြသဖြင့် ရဲများက လုံခြံုရေးကို စိုးရိမ်ကာ ယခုလို ဗလီများ ဖွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။ သို့သော်လည်း ၀တ်ပြုသူများ စည်ကားနေသည့် ဗလီများ အနီးတွင် လက်နက်ကိုင် ရဲတပ်ဖွဲ့များကို ထူထပ်စွာ ချထားဆဲ ဖြစ်သည်။

အူရမ်ကွီရှိ ဗလီဝတ်ပြုကျောင်းတွင် လူ(၁၀၀)မျှ စတင် စုမိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဗလီများကို ပြန်ဖွင့် ပေးခဲ့ခြင်းဟု သိရှိရသည်။ အူဂါ တို့အနေနှင့် ပြဿနာ မရှာပါက ဘာသာရေး ၀တ်ပြုမှုကို ပိတ်ပင်ရန် အကြောင်း မရှိကြောင်း ဗလီများကို စောင့်ကြည့်နေသည့် ရဲတဦးက သတင်းထောက် များအား ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here