အာဆင်နယ် ကပ္ပတိန်အား ခေါ်ယူနိုင်ရေး ဘာစီနှင့် ရီးရဲလ်တို့ အပြိုင်ကြိုးပမ်း

alt

အာဆင်နယ် အသင်း ကပ္ပတိန် ဆက်ဖာ ဘရီဂက်အား ရရှိနိုင်ရေး အတွက် စပိန်ထိပ်သီး အသင်း နှစ်သင်းဖြစ်သော ဘာစီလိုနာ နှင့် ရီးရဲလ် မက်ဒရစ်တို့ အကြိတ်အနယ် ပြိုင်ဆိုင် နေပြီဖြစ်သည်။

အသက် (၂၂)နှစ်ရှိ စပိန် လက်ရွေးစင်အား ရရှိနိုင်ရေး အတွက် နှစ်သင်းလုံးက ငွေပုံပေးရန် အသင့် ရှိနေသည်ဟု ဆိုသည်။ ဖာဘရီဂက် သည် ဘာစီလိုနာ၏ ကစားသမားဟောင်း တစ်ဦး ဖြစ်သဖြင့် အသင်းဟောင်း အပေါ် သံယောဇဉ် ရှိသော်လည်း ရီးရဲလ် ကလည်း ကမာ္ဘ့အကောင်းဆုံး ကွင်းလယ် ဖန်တီးရှင် စာရင်းဝင် ဖြစ်သည့် ဖာဘရီဂက် အား အရ ခေါ်နိုင်ရန် ကြံစည်နေသည်။

ရီးရဲလ် အနေနှင့် ကွင်းလယ်တွင် ရီကာဒိုကာကာ နှင့် တွဲဖက် ကစားနိုင်ရန် ဖာဘရီဂက်အား ယူရို (၄၆)သန်းဖြင့် ကမ်းလှမ်းနိုင်ရန် မျှော်လင့်နေသည်။ ထို့အတူ ဘာစီလိုနာ ဥက္ကဌ ယိုဟန်လာ ပေါ်တား ကလည်း ၎င်းတို့၏ ကစားသမားဟောင်းကို ရအောင် ပြန်ခေါ်မည်ဟု ကြံုးဝါးလျှက် ရှိသည်။

အာဆင်နယ် အသင်းသည် ၎င်းတို့၏ အဓိက ကစားသမား ဖြစ်သည့် ဖာဘရီဂက်အား ရောင်းချရန် ဆန္ဒ မရှိသော်လည်း ငြင်းဆန် နိုင်ဖွယ်မရှိသည့် ပြောင်းရွှေ့ကြေး တရပ်ဖြင့် ကမ်းလှမ်း လာပါက ပယ်ချနိုင်ရန် ခဲယဉ်းကြောင်း သတင်းများက သုံးသပ်လျှက် ရှိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here