စိတ်ပျက်စရာ အကောင်းဆုံး ကမ္ဘာလှည့် ခရီးသွားများမှာ

alt

ပြင်သစ် လူမျိုးများသည် စိတ်ပျက်စရာ အကောင်းဆုံး ကမာ္ဘလှည့် ခရီးသည်များ ဖြစ်ကြောင်း ကမာ္ဘ့ဟိုတယ် (၄၅၀၀) ကို ကောက်ခံ ရရှိခဲ့သော စစ်တမ်းများ အရ သိရှိရသည်။

ပြင်သစ်များသည် နိုင်ငံခြား ဘာသာစကား ညံ့ဖျင်းခြင်း၊ ပြဿနာ ရှာခြင်း၊ အငြင်းအခုန် လုပ်တတ်ခြင်း စသည့် အမူအကျင့် များတွင် အဆိုးဆုံး ဖြစ်ကြောင်း TNS ကုမ္မဏီက ကောက်ခံသည့် စစ်တမ်းတွင် ဖော်ပြထားသည်။ ထို့အပြင် ပြင်သစ်များသည် အင်္ဂလိပ် စကားကို အနည်းအကျဉ်းမျှပင် မတတ်သည်က များနေ တတ်ကြောင်းလည်း ဟိုတယ်များက ထောက်ခံ ခဲ့ကြသည်။

ပြင်သစ်များသည် အများအားဖြင့် ခရီးထွက်လေ့ မရှိတတ်ခြင်း ကပင် ကံကောင်းခြင်း တရပ်ဖြစ်ကြောင်း Expedia မှ Marketing Director တီမိုသီဒီရော့ က ပြောကြားခဲ့သည်။ ပြင်သစ်လူမျိုး (၉၀) ရာခိုင်နှုန်းကျော်သည် မိမိနိုင်ငံ အတွင်းရှိ နေရာများသို့သာ ခရီးထွက်လေ့ ရှိပြီး၊ ထို့အပြင် ပြင်သစ် လူမျိုးတို့သည် ကမာ္ဘလှည့်ခရီး ထွက်ခွာ လာစဉ်တွင် အခြား နိုင်ငံသားများထက် ကပ်စေး နည်းကြောင်းလည်း သိရှိရသည်။

ကမာ္ဘပေါ်တွင် ဘက်စုံ အကောင်းဆုံး ကမာ္ဘလှည့် ခရီးသည်များ အဖြစ် ဂျပန်များက ရွေးချယ်ခံရပြီး ဗြိတိန်နှင့် ဂျာမန်တို့က ဥရောပ နိုင်ငံသားများ အနက် အကောင်းဆုံး ကမာ္ဘလှည့် ခရီးသွားများအဖြစ် သတ်မှတ် ခံရသည်။

ပြင်သစ်တို့သည် ကမာ္ဘလှည့် ခရီးသည် များထဲတွင် အချိုးမပြေသော်လည်း ၀တ်စား ဆင်ယင်မှု သေသပ် သားနားခြင်း အတွက်မူ ဗြိတိန် နှင့် အီတာလျံများ နောက်မှ တတိယ နေရာတွင် ရွေးချယ်ခံရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here