iPhone 3GS အရောင် ပြောင်းသွားခြင်းမှာ ဖုန်းထည့်သည့် အိတ်ကြောင့်ဟု Apple ကြေညာ

alt

iPhone 3GS အဖြူရောင် မိုဘိုင်းလ် ဖုန်းများ အရောင် ပြောင်းသွားခြင်းသည် ၎င်းတို့၏ ဘက်ထရီ စံနစ်ကြောင့် မဟုတ်ဘဲ ဖုန်းထည့်သည့် အိတ်များကြောင့်သာ ဖြစ်ကြောင်း Apple က ထုတ်ပြန် ကြေညာလိုက်သည်။

ယခင်က iPhone အဖြူရောင်များ ပန်းရောင်သို့ ပြောင်းသွားခြင်းသည် ဖုန်းအတွင်း အသုံးပြုထားသည့် ဘက်ထရီ စံနစ်၏ အားနည်းချက် များကြောင့်ဟု စွပ်စွဲမှုများ ပေါ်ပေါက်ခဲ့ရာ Apple က ယခုလို တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြင်ပအပူချိန် မြင့်မားနေသော နေရာများတွင် ဖုန်းအိတ်များဖြင့် iPhone ကို ထည့်ထား သဖြင့် အပူငွေ့များ လှောင်ပိတ်ကာ ယခု ပြဿနာမျိုး ပေါ်လာရခြင်း ဖြစ်ကြောင်း Apple က ဖြေရှင်းခဲ့သည်။ ထို့ကြောင့် အပူလွန်သော နေရာများတွင် iPhone များအား ပိတ်လှောင် ထားခြင်းမျိုးကို ရှောင်ကြဉ်သင့်သည်ဟု Apple က အကြံပြု ထားသည်။

iPhone များ အရောင် ပြောင်းသွားမှုသည် ကမာ္ဘ အရပ်ရပ်ရှိ iPhone အသုံးပြုသူများကြား ပြန့်နှံ့နေပြီး အချို့ကလည်း Apple ၏ ဖြေရှင်းမှုကို ဘဝင်မကျနိုင်ဘဲ ရှိနေဆဲ ဖြစ်သည်။

Apple ကမူ ဖုန်းအတွင်း သုံးထားသည့် Application များအတွက် စွမ်းအင် ထုတ်လုပ်ပေးရန် ဘက်ထရီက အကြီးအကျယ် ရုန်းကန်ရသဖြင့် အပူလွန်ပြီး ဖုန်းအခွံ အရောင် ပြောင်းသွားသည် ဆိုသော သုံးသပ်ချက်သည် အခြေအမြစ် မရှိကြောင်း ကာကွယ် ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here