နယူးဒေလီ မြို့တွင် မက်ထရိုတံတား အစိတ်အပိုင်းတခု ကျိုးကျ

alt

အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့တော်တွင် တည်ဆောက် နေသော မက်ထရိုစီမံကိန်း တခု၏ ဆောက်လက်စ ခန်းဖွင့်တံတား  တနင်္ဂနွေ နေ့က ကျိုးကျခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိ သွားကြောင်း သိရှိရသည်။

ဒဏ်ရာ ရရှိသူများ အနက် ၂ဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေကြောင်း ဒေလီး မက်ထရို ရထား ကော်ပိုရေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား လိုက်သည်။ ထို ဒေလီး မက်ထရို ရထားလမ်း ကွန်ယက်ကို အကောင်အထည် ဖော်နေသည်မှာ ၆ နှစ်တာ ကြာမြှင့်ပြီ ဖြစ်သည်။

အဆိုပါ မတော်တဆမှုမှာ တနင်္ဂနွေနေ့ အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူများ အနက် သုံးဦးမှာ ထိုနေရာတွင်၌ပင် သေဆုံးသွားကာ ၂ ဦးမှာ ဆေးရုံတွင် သေဆုံးသွားခြင်း ဖြစ်သည်။ တံတားပြိုကျ ချိန်တွင် အဆိုပါ အလုပ်သမားများမှာ တံတားပေါ်သို့ လေးလံသည့် ကွန်ကရစ် ကြမ်းခင်းပြားများ တင်နေချိန် ဖြစ်သည်ဟု သိရှိရသည်။ ဓာတ်ပုံများ အရ ကွန်ကရစ် ယက်မကြီး တဖက်မှာ တံတားတိုင်ပေါ်တွင် တင်ကျန်နေခဲ့ပြီး အခြားတစ်ဖက်မှာ အောက်သို့ ပြုတ်ကျနေခြင်း ဖြစ်သည်။ ထို ကွန်ကရစ် ယက်မကြီး၏ အောက်တွင် ရှိနေသော သံမဏိ ယက်မလည်း ကျိုးသွားကြောင်း နယူးဒေလီမှ လာသော သတင်းများတွင် ဖေါ်ပြထားသည်။

နယူးဒေလီ မက်ထရိုသည် အိန္ဒိယနိုင်ငံ၏ တတိယမြောက် မြို့ပြ သယ်ယူပို့ဆောင်ရေး ကွန်ယက် တခု ဖြစ်သည်။ လူဦးရေ ၁၄ သန်းကျော် နေထိုင်ပြီး ၃.၂ သန်းခန့်သော ယာဉ်မျိုးစုံ တို့ဖြင့် နေ့စဉ် ရှုပ်ထွေးပြီး ပရမ်းပတာ ဖြစ်နေသည့် ယာဉ်ကြောများရှိရာ နယူးဒေလီမြို့ အတွက် ဂုဏ်ယူဖွယ်ရာ မက်ထရို ကွန်ယက်လည်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ကလည်း အလားတူ မတော်တဆမှုမျိုး ဖြစ်ပွားခဲ့ဖူးရာ လူ ၂ ဦး သေဆုံးပြီး အနည်းဆုံး ၁၁ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယခု ဆောက်လုပ် နေသော မက်ထရိုကွန်ယက် စံနစ်တွင် ရထားလိုင်း ၃ လိုင်း ပါဝင်ကာ စုစုပေါင်းလမ်း အရှည် ၄၅ မိုင် (၇၅ ကီလိုမီတာ) အထိ ဖောက်လုပ် ပြီးစီးနေပြီ ဖြစ်သည်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် ဓနသဟာယ နိုင်ငံများ အားကစား ပြိုင်ပွဲမတိုင်ခင် ရထားလိုင်းများကို မိုင် ၆၀ (၁၀၀ ကီလိုမီတာ) အထိ ဖောက်လုပ် ပြီးစီးနိုင်ရန် အာဏာပိုင်များ က ဖိအား ပေးလျှက် ရှိသည်။

mymetro

LEAVE A REPLY

Please enter your comment!
Please enter your name here