အင်ဒိုးနီးရှား လက်ရှိ သမတ ထပ်မံ ရွေးကောက်ခံရ

alt

ဇူလိုင်လ (၈)ရက် နေ့က ထုတ်ပြန် လိုက်သော ရွေးကောက်ပွဲ ရလဒ်များ အရ အင်ဒိုနီးရှား နိုင်ငံ လက်ရှိအစိုးရ အဖွဲ့က မဲ အပြတ် အသတ်ဖြင့် အောင်ပွဲခံ သွားကြောင်း သိရှိ ရသည်။

ဒေါက်တာ ဆူဆက်လို ဘာဘန်း ယူဒီရိုနိုး က မဲအရေ အတွက် စုစုပေါင်း (၆၀) ရာခိုင်နှုန်း ရရှိပြီး ဒုတိယ နေရာမှ သမတဟောင်း မယ်ဂါ၀ါဒီ ဆူကာနို ပူထရေးအား ကျော်ဖြတ် နိုင်ခဲ့သည်။ မယ်ဂါ၀ါဒီသည် ယခု ရွေးကောက်ပွဲ အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိခဲ့သော်လည်း မဲစုစုပေါင်း (၂၅) ရာခိုင်နှုန်းမျှသာ ရရှိခဲ့သည်။

အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ ရေတွက်မှု အရ ဂိုကာပါတီက မဲ(၁၅) ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း သိရှိရသည်။ အင်ဒိုနီးရှား ပြည်သူများ အနေနှင့် လက်ရှိ အစိုးရကသာ နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုများကို ကုစားနိုင်မည်ဟု ယုံကြည်နေကြောင်း ကြေညာခဲ့သည်။

ယူဒီနိုရိုး ၏ အစိုးရအဖွဲ့သည် လွှတ်တော်တွင်း အမတ်နေရာ (၅၅၀)မျှ ပိုင်ဆိုင်ထားပြီး ဖြစ်သဖြင့် လက်ရှိ အင်ဒိုနီးရှား နိုင်ငံရေး ပါတီများတွင် အင်အား အကြီးမားဆုံး အစိုးရအဖွဲ့ကို ပိုင်ဆိုင်ထားသည့် ပါတီဖြစ်သည်။

ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်ခဲ့ပြီးနောက် အာဏာရ အစိုးရအနေနှင့် နောက်ထပ် သက်တမ်း (၅)နှစ်မျှ နိုင်ငံ့အာဏာကို တာဝန်ယူခွင့် ရရှိတော့မည် ဖြစ်ပြီး ထိုသက်တမ်းသည် အောက်တိုဘာလ မှ စတင် အသက်ဝင် လာမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here