အစိုးရ ဝဘ်ဆိုဒ် တိုက်ခိုက်မှု မင်္သကာသူ တဦးအား တောင်ကိုရီးယား၌ ဖမ်းဆီးမိ

alt

တောင်ကိုရီးယား ရဲတပ်ဖွဲ့က ၎င်းတို့သည် အစိုးရ ၀ဘ်ဆိုဒ်များအား တိုက်ခိုက်မှုတွင် ပါ၀င် ကျူးလွန် ခဲ့ကြသည်ဟု မသင်္ကာ သည့် တောင်ကိုရီးယား Hacker တဦးကို

ဖမ်းဆီး ထားလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ချွိုင် ဟုသာ အမည် ဖော်ပြထားသော (၃၉)နှစ် အရွယ် Hacker သည် ယခု သီတင်းပါတ် အတွင်း အမေရိကန် နှင့် တောင်ကိုရီးယား အစိုးရ ၀ဘ်ဆိုဒ်များ တိုက်ခိုက် ခံရခြင်းနှင့် ဆက်နွယ် နေနိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆ နေခဲ့ကြသည်။ ၎င်းသည် အစိုးရ၏ Game Rating Board ကို နှောင့်နှေးသွားအောင် DDoS စံနစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။

ချွိုင်သည် Software Developer များအတွက် ဂိမ်းအသစ်များကို Approval ရှာပေးနေသူ ဖြစ်ပြီး၊ ၎င်းသည် တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ၎င်း၏ အလုပ်တစ်ခုအား မပြီးပြတ်သည်ကို တွေ့ရပြီး ထိုအချိန်က ၀ဘ်ဆိုဒ်အား ထိုးဖောက်နေခြင်း ဖြစ်ဖွယ်ရာ ရှိသည်ဟု ခြေရာခံ ရဲများက ယူဆထားကြသည်။

ထို့အပြင် ချွိုင်သည် တရုတ်နိုင်ငံမှ တဆင့် Hacking Program များ ၀ယ်ယူထားသည် ဟုလည်း စွပ်စွဲ ခံနေရသူ ဖြစ်ပြီး ချွိုင်အား ထိန်းသိမ်း ထားသော်လည်း တောင်ကိုရီးယား အစိုးရသည် ယခု လုပ်ရပ်အတွက် မြောက်ကိုရီးယားတွင် အဓိက တာဝန်ရှိကြောင်းနှင့် ဆက်စပ်နေကြောင်းလည်း  ယုံကြည်နေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here