Armani ရေမွှေးကြော်ငြာ မော်ဒယ်အဖြစ် ဂျိုလီ သရုပ်ဆောင်မည်

alt

အိန်ဂျယ်လီနာ ဂျိုလီသည် ကမာ္ဘကျော် ဖက်ရှင်ထိပ်ခေါင် Armani နှင့် နောက်ဆုံး လက်တွဲသော ကမာ္ဘကျော် Celebrity ဖြစ်လာခဲ့ရပြီ ဖြစ်သည်။

Armani က Tomb Raider မင်းသမီးအား ၎င်းတို့၏ အသစ်ထုတ် ရေမွှေးအတွက် ကြော်ငြာပေးရန် စာချုပ်ခဲ့ကြောင်း ဟုတ်မှန်သည်ဟု အတည်ပြု ပြောကြားလိုက်ပြီး၊ အသက်(၃၄)နှစ်ရှိ ဂျိုလီကြောင့် ရေမွှေး၏ ရောင်းအား အလွန် ကောင်းမည်ဟုလည်း Armani က အထူး မျှော်လင့်နေသည်။

Armani သည် ကမာ္ဘကျော် ဗြိတိန် ဘောလုံးကြယ်ပွင့် ဒေးဗစ်ဘက်ခမ်း ကိုလည်း စာချုပ် ချုပ်ထားသေးရာ ဘက်ခမ်း နှင့် ဂျိုလီတို့ နှစ်ယောက်ပေါင်းပြီး Armani အတွက် ကြော်ငြာ ပေးဖွယ်ရှိကြောင်း သတင်းများ ပြန့်နှံ့ လာခဲ့ရသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး Armani ၏ ပြောရေး ဆိုခွင့်ရှိသူက အတည်မပြုသေး သလို ငြင်းဆန်ခြင်းလည်း မရှိခဲ့ပေ။ သို့သော်လည်း Armani ၏ အတွင်း လူများက ဂျိုလီ နှင့် ဘက်ခမ်းတို့၏ ပုံရိပ်သည် Armani ၏ ဩဇာကို အမြင့်ဆုံးအထိ တွန်းတင် ပေးလိုက်ဖွယ်ရှိကြောင်း သုံးသပ် နေကြသည်။

Armani သည် ဘက်ခမ်းနှင့် အတူ ဇနီးသည် Spice Girls အဆိုတော်ဟောင်း ဗစ်တိုးရီးယား ကိုလည်း အတွင်းခံဝတ်စုံ ကြော်ငြာအတွက် စာချုပ် ချုပ်ဆိုထားပြီး ဖြစ်သည်။ ဖက်ရှင်လောကမှ လာသော သတင်းများအရ Armani ၏ ဈေးကွက် လွှမ်းမိုးရေး မျှော်မှန်းချက် အတွက် နောက်ထပ်လည်း ကမာ္ဘကျော် Celebrity များကို စာချုပ် ချုပ်ဆိုရန် ကြံစည်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here