မိုက်ကယ်ဂျက်ဆင်၏ သီချင်းကို ဆိုရန် အသံ အရည်အသွေး မပြည့်မီဟု ဂျွန်မေယာ ပြောကြား

alt

မိုက်ကယ် ဂျက်ဆင် အတွက် ရည်ရွယ် ကျင်းပသော နှုတ်ဆက်ခြင်း အခမ်းအနား အတွင်း သီချင်း မဆိုခဲ့ ခြင်းသည် ထိုနေ့က ဂျက်ဆင်၏ သီချင်းများ အတွက် မိမိမှာ

အသံ အရည်အသွေး မပြည့်မီခြင်း ကြောင့်သာ ဖြစ်ရကြောင်း ထုတ်ဖေါ် ပြောကြား လိုက်သည်။

ဂျင်နီဖာ အင်နစ္စတန်နှင့် ဇာတ်လမ်း ဖြစ်ခဲ့ဖူးသည့် အဆိုတော် မေယာသည် လော့စ်အိန်ဂျယ်လိစ် မြို့တော်ရှိ Staples ခန်းမကြီးတွင် ကျင်းပသော ဂျက်ဆင် နောက်ဆုံး နှုတ်ဆက်ပွဲသို့ တက်ရောက် ခဲ့ပြီး ဂျက်ဆင် သီဆိုခဲ့သော Human Nature သီချင်းကို မသီဆိုပဲ တီးခတ် ပြသွားခဲ့သဖြင့် အခမ်းအနား တက်ရောက် သူတို့ သို့လော  သို့လော ဖြစ်ခဲ့ကြရသည်။

အခြားသော နာမည်ကျော်များ ဖြစ်သည့် ဂျင်နီဖာဟတ်ဆင်၊ အာရှား နှင့် မာရိုင်းကယ်ရီ တို့က ဂျက်ဆင်၏ သီချင်းများကို သီဆို တင်ဆက်နေချိန်တွင် မေယာ၏ လုပ်ရပ်မှာ အတန်ငယ် ထူးဆန်းနေသဖြင့် ပရိသတ်များက အံ့ဩနေခဲ့ရာ ၎င်းက ယခုကဲ့သို့ ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ဂျက်ဆင် ကဲ့သို့ Pop ဂီတ ဘုရင်ကြီး၏ သီချင်းကို ဆိုပြလောက်အောင် ၎င်းအနေနှင့် မထိုက်တန်ပါဟု မေယာက ၀န်ခံသည်။ သို့သော်လည်း တီးခတ်ခြင်းဖြင့် ဂုဏ်ပြုခဲ့ခြင်း အပေါ် ကောင်းကင်ဘုံမှ ဂျက်ဆင့် အနေနှင့် ပျော်ရွှင် ကျေနပ်နေမည် ထင်ကြောင်း မေယာက ပြောကြားခဲ့သည်။

ဂျက်ဆင်သည် ဇွန်လ (၂၅)ရက်နေ့ ကတည်းက ကွယ်လွန်ခဲ့သော်လည်း ၎င်း၏ ရုပ်အလောင်းကို ယခုတိုင် မြေမချရ သေးသလို ဂျက်ဆင် ပိုင်ဆိုင်ခဲ့ဖူးသည့် Neverland ခြံကြီးတွင် ဂျက်ဆင်ကို မြှုပ်နှံခွင့်ရရန် မိသားစုက ကြိုးစား နေဆဲဖြစ်သည်။

ယနေ့ထုတ် အယ်လ်အေ သတင်းများအရ မိုက်ကယ်ဂျက်ဆင်သည် မသေမီ ၆လ အတောအတွင်း အာနိသင် ပြင်းသော အကိုက်အခဲ ပျောက်ဆေး အလုံးပေါင်း ၁သောင်းကျော် သောက်သုံးခဲ့သည်ကို တွေ့ရှိရသည်ဟု နေရှင်နယ် အင်ကွာရာ သတင်းစာကြီးက ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here