ဂျင်နီဖာအနစ္စတန် ကျန်းမာ လတ်ဆတ်သော အစားအသောက် ရောင်းသည့် ဆိုင်ပိုင်ရှင် ဖြစ်လိုဟုဆို

alt

ဂျင်နီဖာ အင်နစ္စတန်သည် ကျန်းမာရေး လိုက်စားသူများ အတွက် သီးသန့် ရောင်းချသော စားသောက်ဆိုင် ပိုင်ရှင် တစ်ယောက် ဖြစ်လိုစိတ် ရှိနေကြောင်း သူမ၏ မိတ်ဆွေများက ပြောကြား လိုက်သည်။

အသက်(၄၀) အရွယ် ဟောလီးဝုဒ် မင်းသမီး ချောသည် ကိုယ်တိုင်လည်း အချက်အပြုတ် ၀ါသနာပါသူ ဖြစ်ရာ စားသောက်ဆိုင် တခု ပိုင်ဆိုင်လိုသည့် ဆန္ဒ ရှိနေခြင်းမှာ မဆန်းကြောင်း သူငယ်ချင်းများက ထောက်ခံ ခဲ့ကြသည်။ အနစ္စတန်သည် အီတလီရိုးရာ နှင့် မက္ကစီကိုရိုးရာ အစားအစာ များကိုပါ ပိုင်နိုင်စွာ ချက်ပြုတ် နိုင်သူလည်း ဖြစ်သည်။

သူမအနေနှင့် ရုပ်ရှင်လောကမှ အနားယူခဲ့ပါက စားသောက်ဆိုင် လုပ်ငန်းကို ဇောက်ချ ကြိုးစားဖွယ်ရှိကြောင်း အင်နစ္စတန်က ၀န်ခံထားခဲ့သည်။ ဟောလီးဝုဒ် မင်းသမီးတစ်ဦး ဖြစ်သည့် ဂျင်နီဖာ လိုပက်ဇ် သည်လည်း (၂၀၀၂) ခုနှစ်က ကယ်လီဖိုးနီးယားတွင် စားသောက်ဆိုင်ကြီး တဆိုင် ဖွင့်ခဲ့သေးသော်လည်း အရှုံးပေါ်သဖြင့် ပိတ်ပစ် လိုက်ရဖူးသည်။

ထို့အတူ အီဗာလွန် ဂရေရာ ကလည်း မက္ကစီကို အစားအသောက်များ ရောင်းချနေသည့် စားသောက်ဆိုင် တခု ဖွင့်လှစ်ထားရာ အောင်မြင်နေသလို ဂျက်စတင် တင်းဘားလိတ် သည်လည်း နယူးယောက်တွင် စားသောက်ဆိုင် (၂)ခု ဖွင့်လှစ် ထားပြန်ရာ အခြေအနေ ကောင်းနေသည်ဟု သိရှိရသည်။ အင်နစ္စတန် ကမူ သူမ၏ စားသောက်ဆိုင်တွင် မိမိလို ကျန်းမာသန်စွမ်း ကျော့ရှင်းသော သဏ္ဍာန်ရရှိရန် အတွက် လတ်ဆတ်သော အစားအသောက်များကို မိမိကိုယ်တိုင် ချက်ပြုတ် စီမံခန့်ပြီး ရောင်းချရန် စိတ်ဝင်စားနေကြာင်း ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here