Google Chrome OS စမ်းသပ် ထုတ်လုပ်မည်

alt

OS လောကကို လွှမ်းမိုးထားသည့် Microsoft Windows စံနစ်ကို ယှဉ်ပြိုင်မည့် ပထမဆုံး ခြေလှမ်းကို Google က စတင် ပြင်ဆင်နေပြီ ဖြစ်သည်။ Google သည် ယခုအခါ

Chrome OS ကို လည်ပတ်နိုင်ရန် စမ်းသပ်တော့မည် ဖြစ်ကြောင်း သိရှိရသည်။

Google နှင့် လက်တွဲဆောင်ရွက် နေသော Hardware ကုမ္မဏီကြီးများ၏ ထုတ်ကုန်များတွင် ထို OS ကို စတင်စမ်းသပ် အသုံးပြုမည် ဖြစ်သည်။ Open Source အဖြစ် ဖြန့်ဝေလိုက်သည့် အဆိုပါ OS အား ကနဦး အဆင့်တွင် Netbook များအတွက်သာ အသုံးပြု နိုင်ဦးမည်ဟု Google က ကြေညာထားသည်။

Google ၏ Hardware ဆိုင်ရာ လက်တွဲဖော်များဖြစ်သည့် Acer နှင့် Asus တို့သည် ယင်း OS ကို မကြာမီ စမ်းသပ် သုံးစွဲတော့မည် ဖြစ်ပြီး နောက်ပိုင်းတွင် HP၊ Lenovo နှင့် Toshiba တို့ကလည်း ထိုစီမံကိန်းကို အကောင်အထည် ဖော်တော့မည်ဟု သိရှိရသည်။

သို့သော်လည်း Google ၏ လက်တွဲဖော် ကုမ္မဏီ တစ်ခုဖြစ်ပြီး HP ၏နောက် ကမာ္ဘပေါ်တွင် ဒုတိယ အကြီးမားဆုံး ကွန်ပျူတာ ထုတ်လုပ်ရေး လုပ်ငန်းအဖြစ် ရပ်တည်နေသော Dell ကမူ ၎င်း OS ကို အသုံးပြုမည် မဟုတ်ဟု အတည်ပြုခဲ့သည်။

Google သည် ၎င်း၏ OS တွင် Adobe မှ Program များ အသုံးပြုနိုင်ရန် ယခင်လ ကတည်းက ညှိနှိုင်း ဆောင်ရွက်နေခဲ့သည်။ Google သည် Chrome OS မတိုင်မီကလည်း မိုဘိုင်းလ်ဖုန်းများ အတွက် ရည်ရွယ်သည့် Android OS ကို ဖန်တီး ထုတ်လုပ်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ အလားလာကောင်းများ ရှိခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here