ဗလန်စီယာ ကစားသမား ဒေးဗစ်ဗီလာ အား ဘာစီလိုနာမှ ခေါ်ယူလိုက်ပြီဟု သတင်းထွက်

alt

ဒေးဗစ်ဗီလာ အား ဘာစီလိုနာက ခေါ်ယူလိုက်ပြီ ဆိုသော သတင်းများကို ဘာစီလိုနာနှင့် ဗလန်စီယာ အာဏာပိုင် များက ငြင်းဆန်ခြင်း မရှိသဖြင့် ထင်ကြေး များမှာ တစထက် တစ ခိုင်မာလာနေ ခဲ့ရပြီ ဖြစ်သည်။

အသက်(၂၇) နှစ်ရှိ စပိန် လက်ရွေးစင်အား ယူရိုသန်း (၄၀) ဖြင့် ခေါ်ယူရန် ဘာစီလိုနာ တို့ အောင်မြင် ခဲ့ပြီဟု သတင်းများက ဆိုသည်။ ဗီလာသည် ဥရောပ ထိပ်တန်း အသင်းကြီး အတော်များများ၏ ပစ်မှတ်ဖြစ်ခဲ့ပြီး ရီးရဲလ် မက်ဒရစ် ကလည်း ယူရို(၃၄)သန်းဖြင့် ကမ်းလှမ်းခဲ့သေးရာ ဗလန်စီယာက ပယ်ချ ခဲ့သည်။

ကာတာလန် အခြေစိုက် ဘာစီလိုနာ အသင်းသည် ပြည်တွင်း ပြိုင်ဘက် ရီးရဲလ်၏ ခြိမ်းခြောက် လာမှုကြောင့် ကစားသမား ကောင်းများကို ၀ယ်ယူရန် ပြင်ဆင်လျှက်ရှိရာ ဗီလာသာ အမှန်တကယ် ရောက်ရှိလာပါက ယခုနှစ် အပြောင်းအရွှေ့ ကာလအတွင်း ၎င်းတို့၏ ပထမဆုံး အားဖြည့်ခေါ်ယူမှု ဖြစ်လာမည်ဟု သိရသည်။

ဗီလာ ကိုယ်တိုင်ကလည်း ကမာ္ဘ့ထိပ်တန်း အသင်းကြီး တသင်းသင်းသို့ ပြောင်းရွှေ့လိုကြောင်း ယခင် ကတည်းက ၀န်ခံ ထားခဲ့ဖူးသည်။ ဗီလာ အား လီဗာပူး၊ မန်ချက်စတာယူနိုက်တက် နှင့် ချဲလ်ဆီး စသည့် အင်္ဂလန် ကလပ်များ ကလည်း စိတ်ဝင်စား ခဲ့ကြသေးသည်။ ရီးရဲလ်သည် လိုင်ယွန်မှ ပြင်သစ် လက်ရွေးစင် ကီရန်ဘန်ဇီမား ကို ခေါ်ယူလိုက်ပြီးနောက် ဗီလာကို မလိုအပ်တော့ကြောင်း အတိအလင်း ကြေညာ ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here