āတရုတ်နိုင်ငံ ယူနန်ဒေသတွင် ငလျင် လှုပ်ခတ်သွားခဲ့

alt

တရုတ်နိုင်ငံ၊ ယူနန် ဒေသတွင် လှုပ်ခတ် သွားသော ငလျင်သည် အိမ်အလုံးပေါင်း (၁၈၀၀၀)ကို ဖျက်စီး ပစ်လိုက်သလို အနည်းဆုံး လူတစ်ဦးကိုလည်း သေဆုံး

စေခဲ့သည်ဟု တရုတ်ပြည်မှ လာသော သတင်းများအရ သိရှိရသည်။

ပြင်းအား သတ်မှတ်ချက် အဆင့်(၆) ရှိသော ငလျင်ကြီးသည် ယိုအန်ခရိုင် အတွင်းရှိ အိမ်ခြေ (၄၀၀၀၀) ကျော်ကို ထိခိုက် ယိုယွင်းမှုများ ဖြစ်စေခဲ့ပြီး လူ(၃၀၀)မျှကို ဒဏ်ရာများ ရရှိစေခဲ့သည်။ ရဲတပ်ဖွဲ့က လူ(၃၀)ကျော်ကို ဆေးရုံသို့ တင်ပို့ လိုက်ရကြောင်း အတည်ပြု ထားခဲ့သည်။

ဇူလိုင်လ (၉)ရက်နေ့ ညပိုင်းက လှုပ်ရှားသွားသော ငလျင်ကြောင့် နောက်ထပ် သေဆုံးသူများ ရှိမရှိကို ကယ်ဆယ်ရေး များက လိုက်လံ ရှာဖွေနေဆဲ ဖြစ်သည်။ တရုတ် အစိုးရက ငလျင်ဒဏ်ခံ ဒေသသို့ ရွက်ဖျင်တဲ (၄၅၀၀)နှင့် အိပ်ယာခင်း (၃၀၀၀)ကို ချက်ချင်း ပေးပို့ထားသည်။

သေဆုံးသူ စာရင်းကို တိတိကျကျ မသိ ရသေးသော်လည်း ဒေသခံ ရုပ်မြင်သံကြား ဌာနများက စောင်များဖြင့် ပတ်ထားသော လူ့ခန္ဓာ ကိုယ်များ၏ပုံကို ရိုက်ကူးပြသခဲ့ သဖြင့် သေနှုန်းမှာ ပိုမို တိုးပွားလာဖွယ်ရှိကြောင်း Al Jazeera သတင်းဌာနက ဆိုသည်။

တရုတ် နိုင်ငံသည် ယခင်ကလည်း ငလျင်ဒဏ်ကို ကြီးမားစွာ ခံခဲ့ရသော သာဓကရှိခဲ့ပြီး (၂၀၀၈)ခုနှစ်၊ မေလ အတွင်းက လှုပ်ခတ်ခဲ့သည့် ဆီချွမ် ငလျင်ကြီးကြောင့် လူ(၉၀၀၀၀)ကျော် သေဆုံးခဲ့ရပြီး လူ(၁.၅)သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here