လုံခြံုရေးကောင်စီမှာ မြန်မာ့အရေး ဘန်ကီမွန်း အစီရင်ခံမည်

alt

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က သူရဲ့ နောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ် နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြံုရေး ကောင်စီမှာ ဂျူလိုင်လ ၁၃ ရက်နေ့ တနလာင်္နေ့ မှာ တံခါးပိတ် အစီရင်ခံ တင်ပြဖို့

ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောခွင့်ရပုဂ္ဂိုလ် မစ်ရှယ်မွန်းတတ်ခ့် က ပြောဆို ခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဟာ လုံခြံုရေးကောင်စီမှာ အစီရင်ခံ ပြီးနောက်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နဲ့ သူ့ရဲ့ အထူးကိုယ်စားလှယ် ဂန်ဘာရီ တို့ က ၎င်း တို့ ၏ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ မိတ်ဆွေနိုင်ငံများ အစည်းအဝေး ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ် မြေအောက်ထပ် ခန်းမတခုမှာ ဇူလိုင် ၈ ရက်၊ က အထူးကိုယ်စားလှယ် ဂန်ဘာရီ တတ်ရောက်ကာ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ် ခဲ့ပြီးနောက် ယခုလို ကုလသမဂ္ဂ လုံခြံုရေးကောင်စီမှာ အစီရင်ခံစာ မှာ ဖြစ်ကြောင်း သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေနိုင်ငံများ အစည်းအဝေး ရဲ့ ဆွေးနွေးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မစ္စတာ ဂမ်ဘာရီက သတင်းထောက်တွေ ကို ပြောဆိုဖို့ ငြင်းဆို ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရဲ့ မြန်မာပြည် ခရီးစဉ် အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ထိပ်ပိုင်းခေါင်းဆောင်များ၊ တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ (၁ဝ) ခု၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) ၊ သံတမန်များ၊ နှင့် တွေ့ဆုံခွင့်ရသော်လည်း၊ မစ္စတာဘန်ကီမွန်း နှင့် တွေ့ဆုံခဲ့ခြင်းနှင့် စပ်လျဉ်း၍ အန်အယ်လ်ဒီ က အားရ ကျေနပ်မှုမရှိကြောင်း၊ ကြေညာချက် ထုတ်ပြန် ထားခဲ့သည်။

မစ္စတာဘန်ကီမွန်း က ခရီးစဉ် အပြီး နောက်ပိုင်းမှာ သတင်းထောက်တွေကို ပြောကြား ခဲ့ရာမှာ မြန်မာ စစ်အစိုးရ ဟာ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေ နဲ့ ပြန်လည် သင့်မြတ်ရေး ကို ဆက်လက် လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း ပြသဖို့ အတွက် အင်မတန် အရေးကြီးတဲ့ အခွင့်ကောင်းတခုကို လက်လွတ် ဆုံးရှုံုးလိုက်တာပဲလို့ သူယူဆကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ခေါင်းဆောင်တွေ အပေါ် တရားစွဲဆိုထားတာတွေကို ပြန်ရုတ်သိမ်းပေးဖို့လည်း တောင်းဆိုခဲ့ပေမယ့် စစ်အစိုးရဆီက ဘာမှ တိကျရေရာတဲ့ အဖြေမရဘူးလို့လည်း ပြောဆို ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီပေးဖို့ ကမ်းလှမ်းတဲ့ ကြိုးပမ်းချက်တွေအတွက် ဆုတ်ယုတ်မှုတခုပဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဒ့ါအပြင်၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အတိုက်အခံတွေနဲ့ အမြန်ဆုံး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် အခြေအနေတရပ် ဖန်တီးပေးဖို့လည်း မစ္စတာဘန်ကီမွန်းက တိုက်တွန်း တောင်းဆိုခဲ့တယ်လို့ သိရှိ ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here