အမေရိကားမှာ နေ့စဉ် အရစ်ကျ စနစ်ဖြင့် Sprint Netbook ၀ယ်ယူနိုင်

alt

Sprint သည် နေ့စဉ် (၉၉)ဆင့်မျှ ပေးသွင်းရုံဖြင့် ၀ယ်ယူနိုင်မည့် Netbook တစ်မျိုးကို ထုတ်ဝေ လိုက်သည်။ 110c-1040DX သည် ယခုအခါ Best Buy မှတဆင့်သာ ၀ယ်ယူ နိုင်ဦးမည် ဖြစ်သည်ဟု ထပ်မံ သိရှိရသည်။

ထို Netbook ကို ၀ယ်ယူသူ အနေနှင့် တလုံးတခဲတည်း ပေးချေပါက အမေရိကန် ဒေါ်လာ (၃၉၀) အထိ တန်ဖိုး ကျသင့်မည် ဖြစ်ပြီး နေ့စဉ် (၉၉)ဆင့်စီ ငွေ ပေးသွင်းပါက (၂)နှစ် သက်တမ်းရှိ စာချုပ်ဖြင့် အရစ်ကျ ငွေသွင်း ၀ယ်ယူ နိုင်မည် ဖြစ်သည်။

Sprint တယ်လီဖုန်း ကုမ္မဏီက ထို Netbook များကို Verizon တွင်လည်း ရောင်းချသွားရန် စီစဉ်ထားကြောင်း ယမန်နေ့က ကြေညာလိုက်သည်။ Sprint ၏ အင်တာနက် မြန်နှုန်းမြှင့် 3G Service ကို တပ်ဆင်ပါက တစ်လလျှင် စုစုပေါင်း ဒေါ်လာ(၆၀) ကျသင့်မည် ဖြစ်ပြီး ၂နှစ် အကြာတွင် Netbook ၏ တန်ဖိုး အပြည့်အဝမှာ ဒေါ်လာ(၁၄၄၀) အထိ ရှိလာမည် ဖြစ်သည်ဟု ဈေးကွက် သုံးသပ်သူများက ဆိုကြသည်။

ထို Netbook တွင် Windows စနစ်ကို OS အဖြစ် အသုံးပြုထားပြီး 1.6 GHz Intel Atom Processor ကို တပ်ဆင် ပေးထားကာ Storage အနေနှင့် 160GB အထိရှိကြောင်း အမေရိကားမှ လာသော နည်းပညာ သတင်းများအရ သိရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here