ဘရစ်တနီ အား အနုပညာလောကမှ စွန့်ခွာရန် မိုက်ကယ်ဂျက်ဆင် တိုက်တွန်းခဲ့

alt

မိုက်ကယ် ဂျက်ဆင် မသေဆုံးမီ သီတင်းပါတ် အနည်းငယ်က ၎င်း၏ မိတ်ဆွေ ဘရစ်တနီ စဖီးယား ထံ ဖုန်းဆက်ခဲ့ပြီး အနုပညာ လောကကို စွန့်ခွာရန် တိုက်တွန်း ခဲ့ကြောင်း သိရှိ ရသည်။

ဂျက်ဆင်က ဘရစ်တနီ၏ Circus Tour ကမာ္ဘလှည့် ဖျော်ဖြေမှုများ ပြီးဆုံးချိန်တွင် သီချင်းဆိုသော အလုပ်ကို စွန့်လွှတ် လိုက်ရန်နှင့် ၎င်းကဲ့သို့ ဘဝမျိုး မရောက်အောင် ဂရုပြုရန် ပြောကြား ခဲ့ကြောင်း ဘရစ်တနီ၏ သူငယ်ချင်း များက ပြောဆိုခဲ့ကြသည်။ ဂျက်ဆင်က ၎င်းသည် သေမည့်အချိန်ကို စောင့်နေရပြီ ဖြစ်ပြီး ဘရစ်တနီ အနေနှင့် ထိုကဲ့သို့ ကံကြမ္မာမျိုး မတွေ့ကြံုစေ လိုကြောင်း၊ လောကတွင် အချိန် ရသ၍ ပျော်ပျော် နေစေလိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသတင်း ပြန့်နှံ့ လာပြီးနောက် ဂျက်ဆင်သည် သေမည့်အရေးကို ကြိုတင် သိရှိနေခဲ့ဖွယ် ရှိသည်ဟူသည့် ထင်ကြေးများ ပေါ်ထွက် လာခဲ့သည်။ ဂျက်ဆင်၏ သူငယ်ချင်း တစ်ဦးက ဂျက်ဆင် မကွယ်လွန်မီတွင် စိတ်ဖိစီးမှု အချို့ကို ခံစားခဲ့ရကြောင်း၊ ဘရစ်တနီသည် ဂျက်ဆင်၏ အခင်ဆုံးသူ တစ်ဦးဖြစ်ပြီး ၎င်းတို့၏ ဘဝသည် အတော်လေး ဆင်တူကြောင်း၊ ဂျက်ဆင် အနေနှင့် ဘရစ်တနီ အား ၎င်းကဲ့သို့ မဖြစ်စေလိုသည့် စေတနာမျိုး ရှိခဲ့ ဟန်တူကြောင်း သုံးသပ် ပြောဆိုခဲ့သည်။

ဂျက်ဆင်နှင့် ဘရစ်တနီ တို့သည် ဂျက်ဆင်၏ ဖြတ်သန်းခဲ့သည့် အနုပညာသက်တမ်း နှစ်(၃၀)ပြည့် အထိမ်းအမှတ် ဂီတပွဲကြီးတွင် အတူတကွ ဖျော်ဖြေခဲ့ပြီးနောက် ဂျက်ဆင် သေဆုံးသည်အထိ ခိုင်မာသော ဆက်ဆံရေး တခု တည်မြဲ နေခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here