ပြင်သစ်လူငယ် လက်ရွေးစင်အား မန်ချက်စတာ ယူနိုက်တက် မှခေါ်ယူ

alt

ယခု ရာသီ၏ တတိယမြောက် လူအင်အား ဖြည့်တင်းမှု အဖြစ် ဂါဘရီရယ် အိုဘာတန် အား မန်ချက်စတာ ယူနိုက်တက် က ၀ယ်ယူ လိုက်ပြီ ဖြစ်သည်။

အိုဘာတန် သည် ပြင်သစ်လူငယ် လက်ရွေးစင် တစ်ဦးဖြစ်ပြီး လက်ရှိ ပြင်သစ် ချန်ပီယံဘောဒိုး အသင်း၏ တောင်ပံ တိုက်စစ်တွင် ခြေစွမ်းပြ နေသူဖြစ်သည်။ ခြေတံ လက်တံရှည်ကာ မြန်နှုန်း မြင့်သော အိုဘာတန်၏ ကစားဟန်သည် မန်ချက်စတာ မှ ထွက်ခွာ သွားသည့် ခရစ်စတီယာနို ရော်နာဒို နှင့် ဆင်တူကြောင်းလည်း ပြင်သစ် မီဒီယာများက သုံးသပ်ခဲ့ကြသည်။

မန်ချက်စတာ အနေနှင့် အသက်(၂၀)သာ ရှိသေးသည့် ထွန်းတောက်စ လူငယ်လေးကို အာဆင်နယ်၊ ချဲလ်ဆီး တို့ထက် လက်ဦးမှု ရယူကာ ပေါင်(၃)သန်းဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ အိုဘာတန် အား လွန်ခဲ့သော နှစ်အနည်းငယ် ကတည်းက စောင့်ကြည့် နေခဲ့သော်လည်း ၎င်း၏ပညာရေး ဆုံးခန်းတိုင်စေရန် အတွက် မခေါ်သေးဘဲ ဆိုင်းငံ့ထားခြင်း ဖြစ်ကြောင်း မန်ချက်စတာ နည်းပြကြီး ဆာအဲလက်(စ်) ဖာဂူဆန်က ပြောဆိုခဲ့သည်။

အိုဘာတန် ရောက်ရှိလာ ပြီးနောက် မန်ချက်စတာမှ တောင်ပံတိုက်စစ်မှူး နာနီသည် အသင်းမှ ထွက်ခွာဖွယ် ရှိကြောင်း သတင်းများလည်း ပိုမို ကျယ်ပြန့်စွာ ထွက်ပေါ် လာခဲ့သည်။ မန်ချက်စတာသည် အိုဘာတန် မတိုင်မီက အန်တိုနီယို ဗလန်စီယာ နှင့် မိုက်ကယ်အိုဝင် တို့အား ခေါ်ယူထားပြီး ဖြစ်သည်။ အိုဘာတန်သည် လက်တလောတွင် ဒဏ်ရာ အနည်းငယ် ရရှိထားသဖြင့် မန်ချက်စတာ၏ ရာသီကြို Asia Tour သို့ လိုက်ပါနိုင်မည် မဟုတ်သေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here