ဇော်ဂျီ စာလုံးသည် စစ်အစိုးရ၏ ဆိုက်ဘာ လက်နက်သစ် ဟုဆို

alt

ကမ္ဘာ့ထိပ်တန်း မီဒီယာ နှင့် ဖျော်ဖြေရေး ကုမ္မဏီကြီး တိုင်းဝါနား (Time Warner ) ၏ လက်အောက်ခံ ireport.com မှ CNN သတင်းဌာန အတွက် ရေးသားခဲ့သော ရေးသားချက်တွင် 

မြန်မာ စစ်အစိုးရသည် တိုင်းရင်းသား လူမျိုးစုများအား နှိပ်ကွပ်၊ ရှင်းလင်းရေး အတွက် သမိုင်းတွင်မည့် ဆိုက်ဘာ လက်နက် ( cyber weapon ) အသစ်ကို အသုံးချလာကြောင်း ရေးသား ဖေါ်ပြ ပါရှိခဲ့သည်။ အဆိုပါ မြန်မာ စစ်အစိုးရ၏ တိုင်းရင်းသား လူမျိုးစုများ အား နှိပ်ကွပ်၊ ရှင်းလင်းရေး အတွက် သမိုင်းတွင်မည့် ဆိုက်ဘာလက်နက် ( cyber weapon ) သစ်ဟု စွပ်စွဲ ပြောဆိုခဲ့သည့် အရာမှာ ယနေ့ မြန်မာ့ အင်တာနက် လောကတွင် လူသုံးအများဆုံး ဖြစ်နေသည့် မန္တလေး အခြေစိုက် ALPHA Co., Ltd ၏ ကွန်ပျူတာသုံး ဇော်ဂျီ စာလုံးစနစ်အား ဆိုုလိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေးသားချက်ထဲတွင် ကမ္ဘာ့ထိပ်တန်း အင်တာနက်ကုမ္မဏီ တခုဖြစ်သော ဂိုဂယ် (Google) သည် ယူနီကုဒ့် ၅.၁ ကို ၎င်းတို့၏ စနစ်များတွင် အပြည့်အဝ လိုက်နာ ကျင့်သုံးသွားမည်ဟု ဆိုခဲ့သော်လည်း လက်တွေ့တွင် ဂိုဂယ် (Google) ၏ ထုတ်ကုန်များ ဖြစ်သော၊ ယူကျူ့ (Youtube)၊ ဂိုဂယ် ရှာဖွေရေးစနစ် (Search Engine)၊ ဘလော့ဂ်စပေါ့ (Blogspot) တို့တွင် လိုက်နာခဲ့ခြင်း မရှိကြောင်း၊ ဂိုဂယ် ရှာဖွေရေး စနစ် (Search Engine  ဖြင့် ရှာဖွေပါက ထွက်ရှိလာသည့် ရလဒ့် ၈၀% ကျော်သည် ဇော်ဂျီ ဖြစ်နေပြီး၊ ဘလော့ဂ်စပေါ့ ( Blogspot) ဖြစ်ကြောင်း၊ ရေးသားပါရှိခဲ့သည့် နည်းတူ ဘောစ့်နီးယား (Bosnia)၊ ရဝမ်ဒါ (Rawanda)၊ ကိုဆိုဗို (Kosovo)၊ ထိုင်း၊ မြောက်ကိုရီးယား အရေးအခင်းများ၊ အခြေအနေများ ဖြင့် ခိုင်းနှိုင်း ရေးသားထားခဲ့သည်။

ထို့အတူ အမေရိကန် နိုင်ငံသားများ၏ အခွန်များဖြင့် ရပ်တည်နေသည့် အမေရိကန် အသံလွှင့် ဌာနများ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ကြီး {Broadcasting Board of Governors (BBG)} ၏ လက်အောက်ခံများ ဖြစ်သည့် ဗွီအိုအေ မြန်မာသတင်းဌာန ( VOA, Burmese ) နှင့် လွတ်လပ်သော အာရှအသံ ( RFA ) တို့၏ အွန်လိုင်း စာမျက်နှာများ ( webpages ) သည် နိုင်ငံတကာ အွန်လိုင်း ဆက်သွယ်ရေး ကွန်ရက်စံနစ် { World Wide Web (W3C) } လမ်းညွှန်ချက်များကို ဖေါက်ဖျက်ကာ မြန်မာယူနီကုဒ့် စံ ကို လိုက်နာခြင်း မရှိသည့် ဇော်ဂျီ စာလုံး စံနစ်နှင့် ဘီအိုင်တီ-အာအဖ့်အေ ( bit-rfa ) စာလုံး စံနစ်များကို လက်ခံ ကျင့်သုံးနေ ကြောင်းလည်း ထိုးနှက် ရေးသားထားခဲ့သည်။ အဆိုပါ အုပ်ချုပ်ရေးမှုးများသည် ထို ဆိုက်ဘာ လက်နက် ( cyber weapon ) သစ် ကို အားပေးနေပြီး၊ အမေရိကန် ပညာရေးဌာန sealang.net သည် မြန်မာစာ ယူနီကုဒ့် စံကို လိုက်နာ ကျင့်သုံးထားကြောင်း ထောက်ပြ ရေးသားပါ ရှိသည်။

စစ်အစိုးရသည် တိုင်းရင်းသား လူမျိုးစုများအား နှိပ်ကွပ်၊ ရှင်းလင်းရေး အတွက် သမိုင်းတွင် မည့် ဆိုက်ဘာလက်နက် ( cyber weapon ) သစ် ကို စစ်အစိုးရ နည်းပညာ စီမံခန့်ခွဲမှု ဌာန ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ၏ စီမံချက်ဖြင့် တိုင်းရင်းသား လူမျိုးစုများ အပေါ် ဆိုက်ဘာနည်းပညာ ဖြင့် တိုက်ခိုက်ရန် စစ်အစိုးရ လက်ဝေခံ မန္တလေးအခြေစိုက် ALPHA Co., Ltd အား တာဝန်ပေးခဲ့ခြင်း ဖြစ်သည့်ဟု ယုံကြည်ရကြောင်း ရေးသား ဖေါ်ပြခဲ့သည်။ မန္တလေး အခြေစိုက် ALPHA Co., Ltd ၏ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးရဲမြတ်သူ ကတော့ အဆိုပါ စွပ်စွဲ ရေးသားချက် မထွက်လာမှီ မြန်မာဘာသာဖြင့် ရေးသားထွက်ရှိလာသည့် အလားတူ ရေးသားချက် အပေါ်

ကွန်ပျူတာသုံး ဇော်ဂျီ စာလုံး စံနစ် စတုန်းက အဲဒီ နေရာဘာမှ မရှိခဲ့ဘူး။ နောက် တိုင်းရင်းသားတွေ အတွက် အခြား နိုင်ငံတွေလို နေရာ ကောင်းကောင်း မတောင်းနိုင် ဇော်ဂျီ ကိုမုန်းတဲ့ စိတ် နဲ့ ပင့်ရစ်ဆွဲထိုးတောင် မတူအောင်ထည့် ဇော်ဂျီကို ပြောချင်လို့ ဇော်ဂျီ နေရာ ကို တိုင်းရင်းသား စာလုံးတွေ ထည့်ပြီး တိုက်ခိုက်တာ

ဖြစ်ကြောင်း ပြန်လည်ရေးသား တု့ံပြန် ထားခဲ့ဖူးသည်။

Myanmar Unicode & NLP Research Center လက်အောက်ခံ ကွန်ပျူတာသုံး မြန်မာစာ စံနစ် ဖေါ်ဆောင်ရေး သုတေသနအဖွဲ့၏ မှတ်တမ်းများ အရ

မြန်မာတိုင်းရင်းသား ဘာသာများကို ၂၀၀၄ ခုနှစ် ဧပြီလ တွင် အဆိုတင်သွင်း ထားခဲ့ပြီး၊ မေလ တွင် ယူနီကုဒ့် ကွန်ဆိုတီယမ် (Unicode Consortium) မှ အသိအမှတ်ပြု သတ်မှတ် ပေးထား ခဲ့ကြောင်း

တွေ့ရှိရသည်။

ဇော်ဂျီ (ZawGyi ) မြန်မာစာလုံး စံနစ်

ဇော်ဂျီ (ZawGyi ) မြန်မာစာလုံးသည် လက်ရှိ မြန်မာ ကွန်ပြူတာ အသုံးပြုသူများ (End Users) နယ်ပယ်တွင် အောင်မြင်မှု အရှိဆုံး၊ ကျယ့်ပြန့်စွာ အသုံးချမှု အများဆုံး၊ ဖောင့်ထ်၏ သေသပ်လှပမှုနှင့် အသုံးပြုရန် လွယ်ကူမှု အရှိဆုံး၊ အငြင်းပွားဖွယ်လည်း အဖြစ်ဆုံးသော ဇော်ဂျီ ဟု ခေါ်သည့် တစ်စိတ် တစ်ပိုင်း မြန်မာ ယူနီကုဒ် စနစ် (ZawGyi Myanmar Unicode) ကို မြန်မာ့အိုင်တီ နယ်ပယ်မှ ပညာရှင်ငါးဦး ပါဝင်သော ဇော်ဂျီအဖွဲ့နှင့် အယ်လ်ဖာ မန္တလေး (Alpha Mandalay) တို့ ပူးပေါင်း၍ ယူနီကုဒ် ၄.၀ အပေါ်တွင် အခြေခံကာ၂၀၀၅ ခုနှစ်တွင် အခမဲ့ စတင်ထုတ်လုပ် ဖြန့်ချီခဲ့သည်ဟု သိရှိရသည်။

ဇော်ဂျီ မြန်မာစာလုံး ကို ၂၀၀၈-ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် နောက်ဆုံး မွမ်းမံ ထုတ်လုပ်ခဲ့ကြောင်း ဇော်ဂျီ ၏ ကိုယ်ပိုင် ဝဘ်ဆိုဒ် တွင် ဖော်ပြထားပြီး နောက်ဆုံးထုတ် ဗားရှင်း သည် မည်သည့် ယူနီကုဒ် ဗားရှင်းကို အခြေခံ ထားကြောင်း ကိုမူ ဖော်ပြထားခြင်း အလျင်းမရှိပေ။ လေ့လာသူ ပညာရှင်တို့၏ အလိုအရ ဇော်ဂျီ မြန်မာစာလုံးသည် အသုံးပြုရန် လွယ်ကူမှု ရှိခြင်းနှင့် ဖောင့်ပုံစံ သေသပ်လှပခြင်း တို့မှအပ အခြားသော ယူနီကုဒ်-၅.၁.၀ ၏ စံသတ် မှတ်ထားချက်များအား လိုက်နာရန် ကိုမူ အကြီးအကျယ် ပျက်ကွက်နေကြောင်း လေ့လာ တွေ့ရှိရသည်ဟု ဆိုသည်။

ဥပမာ အားဖြင့် ဆိုရလျှင် ဇော်ဂျီ မြန်မာစာလုံးသည် အထက်တွင် ဆိုခဲ့သည့် အတိုင်း ယူနီကုဒ် အဖွဲ့အစည်းမှ မြန်မာ အက္ခရာနှင့် တိုင်းရင်းသား အက္ခရာများ အတွက် ကုဒ်ပွိုင့်နေရာ သတ်မှတ်ချက် များကို မိမိလိုအပ်သလို အသုံးပြုထားပြီး အသုံးပြုသူများ (End Users) ၏ လိုအပ်ချက်များ ရှိနေချိန်တွင် အချိန်ကိုက် ထွက်ရှိလာခဲ့သော အစွမ်းထက် ဆေးမြီးတို ပမာ ဖြစ်လာခဲ့သည်။ ဇော်ဂျီအနေဖြင့် အနာဂတ်တွင် ထွက်ရှိမည့် ဗားရှင်း အသစ်များနှင့် ပတ်သက်၍ လုပ်ဆောင်ရန်မှာ လက်ရှိ ဖြစ်ပျက်နေသည့် အသုံးပြုသူများ၏ အလွယ် လိုက်လိုခြင်း ဆန္ဒကို အခြေခံသည့် လတ်တလော တောင်းဆိုမှုများကို ငြင်းပယ်ကာ ယူနီကုဒ့် ၏ စံသတ်မှတ်ချက်များ အတိုင်း တိကျစွာ လိုက်နာထားသော ဖောင့်ထ်ပုံစံ နေရာချထားမှုများ နှင့် မြန်မာစာ ရေးထုံးကို လိုက်နာမှုရှိသော လက်ကွက်ပုံစံသို့ တိုးတက်ထုတ်လုပ်ရန် သာဖြစ်ကြောင်း လက်တလော တွေ့ရှိရသည်။

ဖြစ်နေသည့် သံသယများ

မြန်မာ့အိုင်တီ နယ်ပယ်မှ ပညာရှင်ငါးဦး ပါဝင်ခဲ့သော ဇော်ဂျီ အဖွဲ့တွင် ပါဝင်သူ တဦးဖြစ်သည့် ဦးသောင်းစုငြိမ်း သည် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း တွဲဖက် အတွင်းရေးမှူး (၂) ဖြစ်ပြီး၊ e-government လုပ်ငန်းစဉ်များနှင့် အခြားသော ဝန်ကြီးဌာနဆိုင်ရာ နည်းပညာ လုပ်ငန်းစဉ်များ အတွက် မြန်မာ စစ်အစိုးရ၏ တာဝန်ပေးခြင်း ခံထားရသူ၊ Inforithm-Maze Ltd. ၏ CEO တဦး ဖြစ်နေခြင်း၊ အစ္စရေးနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန Mashav (Center for International Cooperation – Ministry of Foreign Affairs) ၏ ဖိတ်ကြားချက်ဖြင့် “e-Gov in Practice” သင်တန်းသို့ တက်ရောက်ရန် မြန်မာနိုင်ငံ ကိုယ်စားလှယ် အနေဖြင့် ဇွန်လ ၁၅ ရက်မှ ၂၅ ရက်ထိ တတ်ရောက်ခဲ့ခြင်း၊ စသည့် အချက်လက် တို့ကြောင့် ဖြစ်နိုင်ကြောင်း အမည်မဖေါ် လိုသည့် မြန်မာဘလော့ဂ်ဂါ တဦးက လူထုအသံကို ပြောကြားခဲ့ပါသည်။

ယူနီကုဒ် မြင်းရိုင်းနှင့် ဘိုင်နရီ ခေတ်လွန် မြန်မာစာ ယဉ်ကျေးမှု စာတမ်း (ယူနှီကုဒ်ဖြစ်ပေါ်တိုးတက်မှုနှင့် အခြားသော မြန်မာစာလုံးများ ၏ အားသာ၊ အားနည်းချက်များကို အသေးစိတ်လေ့လာလို လျှင် )

alt

LEAVE A REPLY

Please enter your comment!
Please enter your name here