အမေရိကန် အစိုးရ ဝဘ်ဆိုဒ်များ တိုက်ခိုက်ခံရမှု စုံစမ်း စစ်ဆေးပြီ

alt

အမေရိကန် လွတ်လပ်ရေး နေ့တွင် ဖြစ်ပွားခဲ့သော အစိုးရပိုင် ၀ဘ်ဆိုဒ်များ တိုက်ခိုက် ခံရမှုအား ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း အမေရိကန် အစိုးရက ကြေညာခဲ့သည်။

ဇူလိုင်လ (၄)ရက် နေ့က အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် အင်တာနက် ရာဇဝတ်မှု ထိန်းချုပ်ရေး ၀ဘ်ဆိုဒ်များ အပါအဝင် အစိုးရဝဘ်ဆိုဒ် အနည်းဆုံး (၁၁)ခုမျှ ရပ်ဆိုင်း သွားခဲ့ရကြောင်း သိရှိရသည်။ ၀ဘ်ဆိုဒ်များ အနက် အချို့တို့သည် ဇူလိုင်လ (၈)ရက်နေ့ အထိ မူလ အခြေအနေအတိုင်း ပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေးဘဲ ပြဿနာများ ကြံုတွေ့ နေရဆဲဖြစ်ပြီး နောက်ထပ် ၀ဘ်ဆိုဒ်များပါ တိုက်ခိုက်ခံရခြင်း ရှိမရှိ ကိုမူ အစိုးရက အသေးစိတ် ပြောဆိုသေးခြင်းမျိုး မရှိသေးပေ။

အလားတူပင် တောင်ကိုရီးယား အစိုးရပိုင် ၀ဘ်ဆိုဒ် များကိုလည်း တိုက်ခိုက်ခံရသဖြင့် ယခုလုပ်ရပ်မှာ အမေရိကန် နှင့် တောင်ကိုရီးယား တို့၏ နိုင်ငံရေး ရန်သူတော် မြောက်ကိုရီးယားမှ ကွန်ပျူတာ ကျွမ်းကျင် ပညာရှင်များ၏ လက်ချက် ဖြစ်နိုင်ကြောင်း အမေရိကန်က ယေဘူယျ ခန့်မှန်း သုံးသပ်ထားသည်။

တောင်ကိုရီးယား သမတ လီမြောင်ဘက် အမေရိကန်သို့ လာရောက်ပြီး အမေရိကန် သမတ ဘာရက် အိုဘားမား နှင့် တွေ့ဆုံ ခဲ့စဉ်ကလည်း အမေရိကန်မှ PC ကွန်ပျူတာ အမြောက်အမြား တိုက်ခိုက် ခံခဲ့ရသေးရာ ယခု လုပ်ရပ်များသည် မြောက်ကိုရီးယား နှင့် ဆက်စပ်နေကြောင်း ပိုမို သံသယ ကြီးထွားစရာ ဖြစ်လာခဲ့သည်။

တောင်ကိုရီးယားမှ တာဝန်ရှိသူများက တိုက်ခိုက် ခံရမှုတွင် နိုင်ငံတော် သမတ၏ အပြာရောင်စံအိမ် နှင့် နိုင်ငံပိုင် ဘဏ် လုပ်ငန်းကြီးများမှ ၀ဘ်ဆိုဒ်များလည်း ပါ၀င်ခဲ့ကြောင်း တောင်ကိုရီးယား အစိုးရမှ အတည်ပြု ကြေညာလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here