ပါကစ္စတန်တွင် US. မောင်းသူမဲ့ လေယာဉ်က ဒုံးကျည်ဖြင့် ပစ်

alt

အမေရိကန် တို့၏ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များမှ ဒုံးကျည်ဖြင့် ပစ်ခတ် ခဲ့ခြင်းဟု ယူဆရသော တိုက်ခိုက်မှုကြောင့် အနောက်မြောက်ဘက် ပါကစ္စတန်တွင် လူ(၆)ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

ဇူလိုင်လ (၈)ရက် နေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း အနည်းဆုံး ဒုံးကျည် (၃)စင်း၊ (၄)စင်းမျှ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံ မျက်မြင်သက်သေ များက ဆိုကြသည်။ ဇူလိုင်လ (၇)ရက် နေ့ကလည်း အမေရိကန် စစ်ဘက်မှ အဆိုပါ ဒေသသို့ ပစ်ခတ်ခဲ့သည့် ဒုံးကျည်များကြောင့် တာလီဘန် စစ်သွေးကြွ (၁၂)ဦး ထက်မနည်း သေဆုံး ခဲ့ရသေးသည်။

ထို တိုက်ခိုက်မှုများသည် ပါကစ္စတန်၏ ထိပ်တန်း တာလီဘန် ခေါင်းဆောင် ဘိတ်တူလာ မာဘတ် အား ရည်ရွယ်ခဲ့ခြင်း ဖြစ်နိုင်ပြီး ၎င်းသည် တောင်ပိုင်း ၀ါဇီရစ်စတန် တွင် ခိုအောင်းလျှက် ရှိသည်ဟု ထင်မြင် ယူဆလျှက် ရှိနေကြသည်။ အမေရိကန် တို့သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လမှ စတင်ပြီး အဆိုပါ ဒေသသို့ မောင်းသူမဲ့ လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု အကြိမ်ပေါင်း ဒါဇင်နှင့်ချီပြီး လုပ်ဆောင်ခဲ့ရာ စစ်သွေးကြွ ရာနှင့်ချီ သေဆုံးခဲ့သလို အရပ်သားများလည်း ရောနှော ထိခိုက်ခဲ့ရသည်။

ပစ်ခတ်မှု အတော်များများကို တောင်နှင့်မြောက် ၀ါဇီရစ်စတန်သို့ ဦးတည်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ အမေရိကန် စစ်ဘက်ကမူ တိုက်ခိုက်မှုများနှင့် စပ်လျဉ်းပြီး မှတ်ချက်ပေးမှုမျိုး အလွန်နည်းပါးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here