အာဖဂန်နစ္စတန်တွင် ရဟတ်ယာဉ် မတော်တဆမှုကြောင့် ဗြိတိန်စစ်သား သေဆုံး

alt

အာဖဂန်နစ္စတန် နိုင်ငံအတွင်း ရဟတ်ယာဉ် မတော်တဆ ဖြစ်ရပ် တခုကြောင့် ဗြိတိသျှ စစ်သားတစ်ဦး သေဆုံးသွားကြောင်း ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာခဲ့သည်။

အမှတ်(၂၂) အင်ဂျင်နီယာ တပ်ရင်းမှ တော်ဝင် အင်ဂျင်နီယာ စစ်သည်တဦးသည် ဇာဘူခရိုင်တွင် ဇူလိုင်လ (၆)ရက်နေ့က ပျက်ကျသွားသည့် ရဟတ်ယာဉ် အတွင်း ကနေဒါ တပ်သားနှစ်ဦးနှင့် အတူ သေဆုံးသွားခြင်း ဖြစ်သည်။ ကနေဒါ တပ်မတော်မှ အသုံးပြုနေသည့် Griffon ရဟတ်ယာဉ် ပျက်ကျရမှု၏ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်သည်။

ကနေဒါ တပ်သားနှစ်ဦး၏ အမည်များကို ကနေဒါ တပ်မတော်မှ ကြေညာခဲ့သော်လည်း ဗြိတိသျှ စစ်တပ်မှ တပ်သားကိုမူ အတိအကျ ဖော်ပြခြင်း မရှိသေးပေ။ ရဟတ်ယာဉ်သည် ဇာဘူရှိ အမေရိကန် ရှေ့တန်း စစ်စခန်းမှ ပျံတက်ပြီး ခဏမျှ အကြာတွင်ပင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ဒေသစံတော်ချိန် မနက်(၉း၂၀)တွင် ပျက်ကျခဲ့သော ရဟတ်ယာဉ်မှ ပိုင်းလော့နှစ်ဦးနှင့် အခြားသော စစ်သည်တဦးတို့မှာ ဒဏ်ရာများ ရရှိခဲ့သည်။ (၃)ဦး စလုံးသည် ကနေဒါ လူမျိုးများဖြစ်ပြီး တစ်ဦး၏ အခြေအနေသည် အလွန်ပြင်းထန်ကြောင်း သိရှိရသည်။

Griffon ရဟတ်ယာဉ်များကို သယ်ယူ ပို့ဆောင်ရေးနှင့် လုံခြံုရေး လုပ်ငန်းများ အတွက် ကနေဒါ တပ်မတော်က ယခုနှစ် အစောပိုင်းမှ စတင်ကာ အာဖဂန်တွင် အသုံးပြုလာခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here