မန်စီးတီး တိုက်စစ်မှူးအား ခေါ်ယူရန် စပါးနည်းပြ စိတ်ဝင်စား

alt

တော့တင်ဟမ် ဟော့စပါး အသင်း၏ မန်နေဂျာ ဟယ်ရီရက်နပ် က ၎င်းသည် မန်ချက်စတာ စီးတီးမှ တိုက်စစ်မှူး ကရိတ် ဘယ်လာမီ ကို ခေါ်ယူရန် စိတ်ဝင် စားနေကြောင်း အတည်ပြု ပြောကြား ခဲ့သည်။

အသက် (၂၉)နှစ်ရှိ ဝေလ လက်ရွေးစင် သည် ယမန်နှစ်က မန်ချက်စတာ စီးတီးသို့ ၀က်စ်ဟမ်း ယူနိုက်တက်မှ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သော်လည်း ယခုနှစ်တွင် ရောကွေး ဆန်တာခရုစ် ရောက်ရှိလာခြင်း ဖြစ်ပြီး၊ ကားလို့စ် တီဗက်စ်နှင့် ဆမ်မြူရယ် အီတူးတို့ ရောက်ရှိရန် အလားအလာ များနေခြင်း တို့ကြောင့် မန်ချက်စတာ စီးတီးတွင် နေရာပျောက်ဖွယ် ရှိနေသည်။

တော့တင်ဟမ် အနေနှင့် အသင်းမှ ထွက်ခွာဖွယ် ရှိနေသော ရုရှား လက်ရွေးစင် ရိုမန်ပက်ဗလူ ချန်ကို နေရာတွင် အစားထိုးရန် ဘယ်လာမီ အား စိတ်ဝင်စားနေခြင်း ဖြစ်သည်။ ထို့အပြင် ရက်နပ် အနေနှင့် အသက်(၃၆)နှစ် ရှိပြီဖြစ်သော ပေါ်တူဂီ လက်ရွေးစင်ဟောင်း လူးဝစ်ဖီဂို ကိုလည်း ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။

တောင်ပံတွင်ရော၊ ကွင်းလယ်တွင်ပါ ကစားနိုင်သည့် ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမား ဆုရှင်ဟောင်း အင်တာမီလန် ကစားသမားကြီး၏ အတွေ့အကြံုများက တော့တင်ဟမ်၏ ရပ်တည်မှုကို ကောင်းမွန်စေမည်ဟု ရက်နပ် က ယုံကြည်နေပြီး ယခုနှစ် အပြောင်းအရွှေ့ ကာလတွင် အရ ခေါ်ရန် စိုင်းပြင်းလျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here