ဟစ်တလာ အထိမ်းအမှတ် ၀က်သစ်ချပင် ခုတ်လှဲခံရဖွယ်

alt

ဒုတိယ ကမာ္ဘစစ် အတွင်းက စိုက်ပျိုးခဲ့သည့် အဒေါ့ဟစ်တလာ အထိမ်းအမှတ် ၀က်သစ်ချပင်ကြီး တစ်ပင်သည် ပုဆိန်စာမိမည့် အရေးနှင့် ရင်ဆိုင်နေရသည်။

ဟစ်တလာ၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် နာဇီ ပါတီဝင်များက ဂျက်ဆလိုမြို့တွင် စိုက်ပျိုးခဲ့သော ထိုအပင်အား ဖယ်ရှားပစ်ရန် အမျိုးသမီး မြို့တော်ဝန်က ပြင်ဆင်နေခဲ့သည်။ ပိုလန်နိုင်ငံ တောင်ပိုင်းရှိ ကျေးလက်ဆန်သော ဒေသတွင် တည်ရှိနေသော အဆိုပါ သစ်ပင်ကြီးသည် ဟစ်တလာ ကဲ့သို့ အာဏာရူးကြီးကို ဂုဏ်ပြုသော ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးထားသဖြင့် လုံးဝ ဆက်မထားလိုကြောင်း မြို့တော်ဝန် မာရီယာ ကူရာဝါစကာ ကဆိုသည်။

လက်ရှိ အချိန်တွင် မြို့ထဲမှ အခြားသော အာဏာပိုင် ပုဂ္ဂိုလ်များနှင့် အပင်ကြီးအား ခုတ်ပစ်ရေး ညှိနှိုင်းနေကြောင်း မာရီယာက ပြောကြားခဲ့သည်။ သို့သော်လည်း မြို့ထဲတွင် နေထိုင်သူ (၃၈၀၀၀) အနက် မာရီယာနှင့် အမြင်ခြင်း မတိုက်ဆိုင်သူ အတော်များများ ရှိနေသေးကြောင်း သိရှိသည်။

ထိုသစ်ပင်ကြီးသည် (၁၉၄၂)ခုနှစ် ကတည်းက စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး နာဇီတို့၏ အထိမ်းအမှတ် ဖြစ်သည့်တိုင် မခုတ်သင့်ကြောင်း၊ သမိုင်းမှတ်တမ်း တခုအနေနှင့် ထိန်းသိမ်း ထားသင့်ကြောင်း မြို့ခံလူ တစ်ဦးဖြစ်သည့် ကာဇီမာရက်ပိုလက် က ဆိုသည်။

နာဇီ ဂျာမနီတို့သည် ပိုလန်အား ကျူးကျော်ဝင်ရောက်သည့် (၁၉၃၉)၊ စက်တင်ဘာလ (၁)ရက်နေ့ အရေးအခင်းကြောင့် ဒုတိယ ကမာ္ဘစစ်ကြီး စတင် ခဲ့ခြင်းဖြစ်ပြီး နာဇီတို့ သိမ်းပိုက်မှုကို ခံထားရသည့် (၅)နှစ်တာ ကာလအတွင်း ပိုလန်တွင် နေထိုင်သည့် ဂျူးလူမျိုး (၃)သန်း အပါအဝင် ပိုလန် နိုင်ငံသား (၆)သန်းခန့် သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here