Android သတင်းများအား Nokia ငြင်းဆို

alt

Nokia က ၎င်းတို့၏ မိုဘိုင်းလ် ဖုန်းများ တွင် Android ကို ထည့်သွင်း အသုံးပြုရန် စီစဉ်နေသည် ဆိုသော သတင်းများ အားလုံးကို ပြတ်ပြတ်သားသား ငြင်းပယ် လိုက်သည်။

အစောပိုင်းက Google မှ Open Source Operation System ဖြစ်သော Android ကို Nokia ၏ အသစ်ထုတ် မိုဘိုင်းလ် များတွင် အသုံးပြုနိုင်သည်ဟု သတင်းကြီး ခဲ့သော်လည်း ထိုသတင်းများသည် ကောလဟာလ များသာ ဖြစ်သည်ဟု Nokia က ဆိုသည်။

Nokia သည် Android နှင့် ပေါင်းစပ်ခြင်းဖြင့် ပိုမို ကောင်းမွန် လာနိုင်သည့်တိုင် ဈေးကွက်အတွင်း မဟာပြိုင်ဘက်များ ဖြစ်သည့် Apple၊ Blackberry တို့ကို ကိုယ်ပိုင် နည်းပညာဖြင့် ယှဉ်ပြိုင် သွားနိုင်မည်ဟု ယုံကြည်ထားကြောင်း Nokia မှ ပြောရေး ဆိုခွင့်ရှိသူ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

Nokia သည် လက်ရှိ သုံးစွဲနေသည့် Symbian ဖြင့်သာ ဆက်လက် ရပ်တည်သွားမည်ဟု ပြောကြားထားခဲ့ ပြန်သည်။ Nokia အနေနှင့် Symbian အတွက် ဒေါ်လာ သန်း(၄၀၀)ကျော်မျှ မြှုပ်နှံထားပြီး ဖြစ်သလို အနာဂတ်တွင်လည်း Symbian နှင့်သာ လက်တွဲသွားရန် ပြင်ဆင်ထားကြောင်း အတည်ပြုခဲ့သည်။

Symbian ကို Nokia သာမက Samsung၊ Vodfone၊ LG နှင့် အခြားသော မိုဘိုင်းလ်ဖုန်း အချို့တို့တွင်လည်း သုံးစွဲလျှက်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here