ဖခင်ကြီး သေဆုံးခဲ့သည့် နှစ်ပတ်လည်နေ့သို့ ကင်ဂျုံအီ တက်ရောက်

alt

မြောက်ကိုရီးယား အာဏာရှင်ကြီး ကင်ဂျံုအီသည် လူအများ ရှေ့သို့ ထွက်လာခြင်းမျိုး ပြုလုပ် ခဲသော်လည်း ဇူလိုင်လ (၈)ရက် နေ့က မြောက် ကိုရီးယား နိုင်ငံ ထူထောင်သူ

၎င်း၏ ဖခင်ကြီး သေဆုံးသည့် (၁၅) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားသို့ ရှားရှားပါးပါး တက်ရောက် ခဲ့ကြောင်း ကိုရီးယားမှ လာသော သတင်းများ အရ သိရှိရသည်။ APTN ရုပ်မြင်သံကြား ဌာနက သမတကြီး၏ ပုံရိပ်ကို ထုတ်လွှင့်ပြသခဲ့ပြီး ယခင် သမတကြီး ကင်အီဆွန်း၏ ကြီးမားသော ရုပ်တုကြီးရှေ့တွင် ကင်ဂျံုအီက ဂါရဝပြုနေပုံကို ဖော်ပြခဲ့သည်။

ထို အခမ်းအနားကို ပြံုယမ်းမြို့တော်ရှိ မန်ဆူဒေး ခမ်းမကြီးတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ပြံုယမ်းတွင် နေထိုင်သူ တစ်ဦးဖြစ်သည့် ဟွမ်အင်ဆန်က ကမာ္ဘ့ မီဒီယာများတွင် ဖော်ပြနေသကဲ့သို့ သမတကြီးသည် မကျန်းမမာ ဖြစ်နေဟန် မရှိကြောင်း၊ ခမ်းနားကြီးကျယ်သည့် သမတကြီး အနေနှင့် အလွန်ပင် အသက်ရှည်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၆၇) နှစ်ရှိ သမတကြီး ကင် သည် အခမ်းအနား တွင် မိနစ်ပေါင်း အတော်ကြာကြာမျှ နေသွားပြီး ကျန်းမာရေး ချို့တဲ့နေသည့် အရိပ် လက္ခဏာမျိုး မတွေ့ခဲ့ရပေ။ ကင်သည် ပြီးခဲ့သည့် နှစ်က လေဖြတ်ခြင်းကို အပြင်းအထန် ခံစားခဲ့ရပြီး အချို့ကလည်း သေဆုံးသွားပြီ ဟုပင် ခန့်မှန်း ခဲ့ကြသော်လည်း ဖခင်၏ အောက်မေ့ဖွယ် အခမ်းအနားတွင် သက်တောင့်သက်သာ အနေအထားဖြင့် လူမြင်ကွင်းသို့ ထွက်လာခဲ့ပြန်သည်။

ကင်အီဆွန် သည် နှလုံးရောဂါကြောင့် (၁၉၉၄)ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့က အသက်(၈၂)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here