မိုက်ကယ် ဂျက်ဆင် ပုံတူရုပ်တု ထုလုပ်ထား

alt

မိုက်ကယ် ဂျက်ဆင်အား ဂုဏ်ပြုသော အနေနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့ အပြင်ဘက်ရှိ ကျေးရွာလေး တစ်ခုတွင် ၎င်း၏ ပုံတူ ရုပ်တုကြီးအား ထုလုပ် ထားရှိကြောင်း သိရှိရသည်။

Pop ဂီတ ဘုရင်ကြီး၏ အထိမ်းအမှတ် ပလာစတာ ရုပ်တုကြီးသည် (၁၂)မီတာ မြင့်ပြီး အလေးချိန် အားဖြင့် (၄)တန် ရှိသည်။ ရွှေရောင်နှင့် မီးခိုးရောင် ပလာစတာ အပိုင်းအစ များဖြင့် မွမ်းမံ ထားသည့် ရုပ်တုကြီးမှာ အဝေးမှပင် လှမ်းမြင် နိုင်အောင် ခန့်ထည်ကြီးမား လှသည်။

ထိုရုပ်တုကြီးအား ဂျက်ဆင်ကို စွဲလန်းနှစ်သက်စွာ အားပေးသည့် ပရိသတ် တစ်ဦးဖြစ်သော အန်းဒရက် ဂရက်ဆမင်း က တည်ဆောက် ပေးခဲ့ခြင်း ဖြစ်သည်။ ထိုရုပ်တုသည် ကမာ္ဘတဝှမ်းတွင် တည်ဆောက်ထားသည့် ဂျက်ဆင်ရုပ်တု (၁၉)ခု အနက်မှ (၁)ခု လည်းဖြစ်သည်။ ဂရက်ဆမင်းက ထိုရုပ်တုကို ထုလုပ်ရန် ပုံတူဖြစ်သော အသေးစား အရုပ်ကလေးကို Sony Music မှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျက်ဆင်သည် ဇွန်လ (၂၅)ရက် နေ့က နှလုံး ဖောက်ပြန်မှုဖြင့် အနိစ္စ ရောက်ခဲ့ပြီးနောက် ဇူလိုင်လ (၇)ရက် နေ့တွင် ၎င်းအတွက် ကြေကွဲမှုသတိတရ ဈာပန အခမ်းအနားကို လော့စ်အိန်ဂျယ်လိစ်တွင် ခမ်းနားစွာ ကျင်းပခဲ့သည်။

အသက်(၅၀)တွင် ကွယ်လွန်ခဲ့သည့် ဂျက်ဆင်တွင် သားသမီး (၃)ဦး ကျန်ရှိခဲ့သည်။ ၎င်းသည် ကမာ္ဘ့ဂီတ သမိုင်းတလျှောက် Single ဓာတ်ပြား အချပ်ရေ အများဆုံး ရောင်းချခြင်း ခံထားရသည့် ဂီတ အနုပညာရှင် အဖြစ်လည်း သတ်မှတ် ခံထားရသူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here