ဗြိတိန် အကျဉ်းထောင်တွင် ထိပ်တန်းအဆင့် စားသောက်ဆိုင်ဖွင့်

alt

ဗြိတိန် နိုင်ငံရှိ အကျဉ်းထောင် တစ်ခုတွင် ထိပ်ဆုံး အဆင့် သတ်မှတ်နိုင်သည့် စားသောက်ဆိုင် တစ်ခုကို ဖွင့်လှစ် လိုက်ကြောင်း သိရှိရသည်။

ဆာရေး အရပ်တွင်ရှိသော ဆက်တန် အကျဉ်းထောင် တစ်ခုတွင် အဆိုပါ စားသောက်ဆိုင် ဖွင့်လှစ်ကြောင်း သတင်းကို အင်္ဂလန် ပြည်တွင်း မီဒီယာများက ဇူလိုင်လ (၇)ရက်နေ့က ဖော်ပြခဲ့ကြသည်။ ထို စားသောက်ဆိုင်သည် ဗြိတိန်နိုင်ငံ တဝှမ်းတွင် သံတိုင်များနောက်မှ ပထမဆုံး ဖွင့်လှစ်သော စီးပွားရေး လုပ်ငန်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

အကျဉ်းသားများ အနေနှင့် တစ်နေ့လျှင် (၂) ပေါင် ပေးရုံဖြင့် နှစ်နပ် စားခွင့် ပေးထားမည်ဟု အကျဉ်းထောင် အာဏာပိုင်များက ဆိုသည်။ သို့သော်လည်း ထို စားသောက်ဆိုင်သို့ ၀င်ရောက်ခွင့် ရရှိမည့် အကျဉ်းသားများ အနေနှင့် ထောင်အတွင်း နေထိုင်စဉ် စာရိတ္တ တိုးတက် ကောင်းမွန်လာကြောင်း သက်ဆိုင်ရာ အရာရှိများထံမှ ထောက်ခံချက် လိုအပ်မည် ဖြစ်သည်။

ဟင်းလျာများ အတွက် လိုအပ်သော သစ်သီး သစ်ရွက်များကို ထောင်အတွင်းရှိ စိုက်ခင်းမှ ရရှိမည် ဖြစ်သည်။ အကျဉ်းသားများ အနေနှင့် ၎င်းတို့၏ ပြစ်ဒဏ်ကို ကျခံနေရသော်လည်း စိတ်တိုင်းကျ စားသောက်ခွင့် ရရှိရန် စီမံ ပေးသင့်ကြောင်း အကျဉ်းထောင် အာဏာပိုင်များက ယုံကြည်သဖြင့် ယခု စားသောက်ဆိုင်လေးကို စီစဉ် ပေးခဲ့ခြင်းဖြစ်သည်။

ထိုအကြံအစည်ကို ထောင်တွင်းရှိ စားသောက်ခန်းများသို့ ရောက်ရှိခဲ့ဖူးသူ အယ်ဘာတို ခရစ်စကီး က စတင် ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ထောင် မီးဖိုချောင်များကို ငရဲခန်းများ အဖြစ် ခိုင်းနှိုင်း ရှုတ်ချခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here