ကမာ္ဘ့သက်တမ်း အရင့်ဆုံး ကျမ်းစာအုပ် Digital format အဖြစ်ပြောင်းလဲ

alt

ကမာ္ဘ့ သက်တမ်း အရင့်ဆုံး သမ္မာကျမ်း စာအုပ်ကို Digital Format သို့ ပြောင်းလဲ တော့မည် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း (၁၆၀၀) ကျော်က ရေးသား ခဲ့သည့် စာမျက်နှာ (၈၀၀)ပါ

Codex Sinaiticus ကို ယခုအခါ Digital စနစ်သို့ ပြောင်းလဲ သိမ်းဆည်းရန် ပညာရှင်များက စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။

(၄)ရာစုက ရေးသားခဲ့သော အဆိုပါ စာအုပ်သည် သမ္မာကျမ်း တစောင်အဖြစ် သတ်မှတ်ခံထားရပြီး ကမာ္ဘ့နေရာ (၄)ခု ခန့်တွင် စာလုံးပုံသဏ္ဍန်များ ကွဲလွဲစွာ တည်ရှိနေကြောင်း သုတေသန ပြုလျှက်ရှိသည်။ အဆိုပါ ကျမ်းစာအုပ်တွင် ရေးသားထားသည့် မူရင်းစာလုံး ပုံသဏ္ဍာန်ကို ဖော်ထုတ်နိုင်ရေးသည် သမိုင်း သုတေသီများ အတွက် ယခုအချိန်ထိ ကြီးမားသော စိန်ခေါ်မှုကြီးသဖွယ် တည်ရှိ နေဆဲဖြစ်သည်။

ယခုအခါတွင် Codex Sinaiticus ကို Online မှတဆင့် ဖြန့်ပေးနိုင်ရန် ပညာရှင်များက ကြံဆနေပြီး ကြိုက်နှစ်သက်ရာ စာလုံးများဖြင့် ရွေးချယ် ဖတ်ရှုနိုင်ရန် ကြိုးစားလျှက် ရှိကြပေသည်။ Guardian သတင်းစာမှ စတီဖင်ဘိတ်က ရှေးဟောင်း အမွေအနှစ်နှင့် ခေတ်သစ် နည်းပညာတို့ သဟ ဇာတဖြစ်စွာ ပေါင်းစပ် ပေးနိုင်ရေး နီးစပ်နေကြောင်း သုံးသပ်ခဲ့ကြသည်။

ပညာရှင်များသည် အခြားသော သမိုင်းဝင် မှတ်တမ်း များကိုလည်း အလားတူ Digital Format မျိုး ပြောင်းလဲနိုင်ရန် မျှော်လင့်လျှက် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here