လမ်းခွဲသတင်းများ အတွက် တင်းဘားလိတ် နှင့် ဂျက်ဆီကာဘေး တို့ တုန့်ပြန်ခြင်း မရှိသေး

alt

လမ်းခွဲ လိုက်ပြီ ဟူသော သတင်းများ အတွက် ဂျက်စတင် တင်းဘားလိတ် ရော၊ ဂျက်ဆီကာ ဘေး ပါ တစုံတရာ တုန့်ပြန်ခြင်း မရှိသေးသည့် အတွက် ၎င်းတို့ နှစ်ဦး ခွာပြဲ သွားပြီဆိုသော

အယူအဆမှာ ပိုမိုခိုင်မာ လာခဲ့ရသည်။

ဟောလီးဝုဒ် အလှမယ် နှင့် Pop စတား အဆိုတော် တို့သည် ပြီးခဲ့သော သီတင်းပါတ်များ အတွင်း ဆက်ဆံရေး မပြေလည်ဟု သတင်းကြီး လာပြီး အင်တာနက် အတင်းအဖျင်း ၀ဘ်ဆိုဒ် များက နှစ်ဦး သဘောတူ လမ်းခွဲ လိုက်ကြောင်း မှန်းဆ၍ ဖော်ပြခဲ့ကြသည်။

ဇွန်လ အတွင်းက နိုက်ကလပ် တခုအတွင်း တင်းဘားလိတ် သည် အမည်မသိ အမျိုးသမီး တစ်ဦးနှင့် အရက်မူးပြီး ပလူးပလဲ ဖြစ်နေကြောင်း သတင်းများ အပေါ် ကာကွယ် ပြောဆိုခဲ့သော်လည်း ထိုအချိန်မှစပြီး ဘေး နှင့် ဆက်ဆံရေး သွေးအေး လာခဲ့ကြောင်း သိရှိရသည်။

သို့ပါသော်လည်း အမေရိကန် လွတ်လပ်ရေးနေ့ ကမာ့္ဘ အကြီးကျယ်ဆုံး အသားကင် ပွဲတော်နေ့ဖြစ်သည့် ဇူလိုင်လ (၄)ရက် နေ့က ဘေး နှင့် တင်းဘားလိတ်တို့ နှစ်ဦးကို အတူယှဉ် တွေ့မြင်ကြ ရသဖြင့် သတင်းဌာန များမှာ ဇဝေဇဝါ ဖြစ်လျှက် ရှိနေကြသည်။

တင်းဘားလိတ် သည် မင်းသမီး ကင်မရွန်း ဒိုင်ယဇ့် နှင့် လမ်းခွဲပြီးနောက် ဘေး နှင့် (၂၀၀၇)ခုနှစ် ကတည်းက တွေ့ဆုံ ချစ်ကြိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here