ကော်ဖီ သောက်ခြင်းသည် အယ်ဇိုင်းမား ဝေဒါနာရှင်များ အတွက် အကျိုးရှိ

alt

ကော်ဖီသည် အယ်လ် ဇိုင်းမား ဝေဒနာ ရှင်များ အတွက် အကျိုးရှိ စေနိုင်ကြောင်း ကျန်းမာရေး ပညာရှင်များက ပြောကြား လိုက်ကြသည်။

နေ့စဉ် နေ့တိုင်း ကော်ဖီသောက်ခြင်းဖြင့် အယ်ဇိုင်းမားကို ကာကွယ် ဟန့်တား နိုင်သလို အယ်ဇိုင်းမား ရောဂါ၏ လက်ရှိ အခြေအနေ ကိုလည်း လျှော့ချ ပေးနိုင်ကြောင်း သိရှိရသည်။ ယခင်က ကော်ဖီ သောက်ခြင်းသည် အယ်ဇိုင်းမား ဖြစ်နိုင်ခြေကို ပမာဏ အနည်းငယ်မျှ မြင့်မား လာစေကြောင်း ယုံကြည်မှုသည် လွဲမှားနေကြောင်း အမေရိကန်မှ ပညာရှင်များက ဆိုသည်။

နေ့စဉ် ကော်ဖီသောက်ပါက အယ်ဇိုင်းမားအတွက် ထူးခြားသော အကျိုးကျေးဇူးများ ခံစားရမည်ဖြစ်ကြောင်း ဖလော်ရီဒါ တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်များက ထောက်ခံခဲ့ကြသည်။ ၎င်းတို့သည် ကြွက်ငယ် (၅၅)ကောင်အား ၎င်းတို့ အသက်ကြီးလာချိန်တွင် အယ်ဇိုင်းမား ရောဂါ ဖြစ်လာစေရန် ပြုလုပ်ထားကာ သုတေသန ပြုခဲ့ကြသည်။ အယ်ဇိုင်းမားသည် beta-amyloid ခေါ် စေးကပ်သည့် သမားရိုးကျ မဟုတ်သော ပရိုတိန်း ဓါတ်တစ်မျိုး ဦးနှောက်ထဲတွင် ဖြစ်ထွန်း လာခြင်းကြောင့် ပေါ်ပေါက် လာတတ်ခြင်း ဖြစ်ရသည်ဟု ဆိုကြသည်။

ပညာရှင်များသည် ကြွက်များအနက် တဝက်၏ နေ့စဉ် သောက်သုံးရေထဲတွင် ကဖိန်းဓာတ် အနည်းငယ်ကို ထည့်ပေးထားပြီး ကျန်တဝက်ကို သာမန် သောက်ရေသာ တိုက်ကျွေးပြီး သုတေသနပြု စောင့်ကြည့် နေခဲ့ကြသည်။ နှစ်လမျှ ကြာမြင့်ချိန်တွင် ကဖိန်းပါသော ရေကို သောက်ထားသည့် ကြွက်များတွင် ကျေနပ်လောက်ဖွယ် မှတ်ဉာဏ် စွမ်းအားများ ကျန်ရှိ နေသေးသော်လည်း ကျန်ကြွက်များတွင်မူ မှတ်ဉာဏ် လျော့နည်းမှုသည် အလွန်ကြီးမားစွာ ဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့ရသည်။

သုတေသီများက အဆိုအရ beta-amyloid ပမာဏကို ကဖိန်းက (၅၀)ရာခိုင်နှုန်း အထက်အထိ လျှော့ချပေးနိုင်ကြောင်း သိရသည်။ (၂၀၀၂) ခုနှစ်က တွေ့ရှိချက်များ အရ ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်းသည် အယ်ဇိုင်းမား ဖြစ်နိုင်ချေကို သာမန်ထက် (၆၀) ရာခိုင်နှုန်းအောက်မျှ မြင့်တက်လာစေကြောင်း ဖော်ပြထားသဖြင့် ယခုရလဒ်နှင့်မူ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျှက် ရှိမေပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here