မန်ယူမှ ပြောင်းရွှေ့ခဲ့ခြင်း အတွက် နောင်တ ရခြင်း မရှိဟု စီရော်နာဒို ပြောကြား

alt

မန်ချက်စတာ ယူနိုက်တက် ကို စွန့်ခွာ ခဲ့သည့် အတွက် ၎င်းတွင် နောင်တ ရရှိခြင်း လုံးဝ မရှိကြောင်း ခရစ်စတီယာနို ရော်နာဒို က ပြောကြား လိုက်သည်။

အသက် (၂၄)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင်သည် စပိန်ကလပ် ရီးရဲလ် မက်ဒရစ်သို့ ပေါင်သန်း (၈၀)တန် ကမာ္ဘ့ စံချိန်တင် ဈေးနှုန်း တရပ်ဖြင့် ပြောင်းရွှေ့ ရောက်ရှိ လာပြီးနောက် ဇူလိုင်လ (၆) ရက်နေ့က ၎င်း၏ မိတ်ဆက်ပွဲ အခမ်းအနားကို ရီးရဲလ် အသင်းပိုင် ဘာနေဗြူး ကွင်းကြီးတွင် ပြုလုပ်ခဲ့သည်။

ရီးရဲလ်အသင်း၏ အဖြူရောင် ကျောနံပါတ်(၉) ဂျာစီအင်္ကျီကို ပရိသတ် (၈၀၀၀၀)ကျော် ရှေ့တွင် လက်ခံယူခဲ့သည့် ကမာ္ဘ့အကောင်းဆုံး ဘောလုံးသမား ဆုရှင်က မန်ချက်စတာတွင် ကောင်းမွန်သော ဘောလုံးသမားဘဝကို ဖြတ်သန်းခဲ့ရကြောင်း၊ သို့သော်လည်း ရီးရဲလ်နှင့် အတူ ဆုဖလား အမြောက်အမြား ထပ်မံ ကိုင်မြှောက်ခွင့် ရရှိမည်ဟု ယုံကြည်ထားကြောင်း ပြောကြားသွားခဲ့သည်။

ထို့အပြင် မန်ချက်စတာ နည်းပြကြီး ဆာအဲလက် ဖာဂူဆန် အပေါ်လည်း ယခုတိုင် လေးစား ရိုသေနေဆဲဟု ရော်နာဒိုက ဆိုသည်။ မန်ချက်စတာ၏ ပရိသတ်များ၊ အသင်းဖော်များ အားလုံးတို့အပေါ် အမြဲသတိရနေမည် ဖြစ်သော်လည်း မိမိအနေနှင့် အမှန်ကန်ဆုံး ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်ဟု ခံယူထားမိကြောင်း ရော်နာဒိုက မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here