တောင်ကိုရီးယားတွင် ခေတ်မီ ဒုံးကျည်စနစ် အမေရိကန် တပ်ဆင်ပေးဖွယ် ရှိ

alt

အမေရိကန် အစိုးရ အနေနှင့် တောင်ကိုရီးယား နိုင်ငံတွင် ခေတ်မီ ဒုံးကျည် ကာကွယ်ရေး စနစ်တခု တပ်ဆင်ပေးရန် အလားအလာ ရှိသော ဆွေးနွေးမှု တခုကို ပြုလုပ်နေကြောင်း

တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာခဲ့သည်။

ဇူလိုင်လ (၇)ရက် နေ့က ထွက်ပေါ် လာသော ကြေညာချက် အရ ကီလိုမီတာ (၃၀၀) အတွင်း ပစ်မှတ်တိုင်းကို တိတိကျကျ ချေမှုန်းနိုင်မည့် ဒုံးကျည်စနစ် တခုကို အကောင်အထည် ဖေါ်ဖွယ်ရှိကြောင်း သိရှိရသည်။ တောင်ကိုရီးယား၏ ဥပဒေပြု ကွန်ဂရက်က ယခု စီမံကိန်းအတွက် အမေရိကန်နှင့် ဆွေးနွေးနေကြောင်း စစ်ဖက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြောက်ကိ်ုရီးယား၏ ဒုံးကျည် ခြိမ်းခြောက်မှုကို တွန်းလှန်နိုင်ရန် ယခု ကာကွယ်ရေး စနစ်အား တောင်ကိုရီးယားတွင် တပ်ဆင်ပေးရန် အမေရိကန် ကလည်း စိတ်ဝင်စား လာခဲ့ရသည်။ ဆိုးလ်မြို့ရှိ အမေရိကန် သံရုံးမှ တာဝန်ရှိသူများ နှင့် တောင်ကိုရီးယား အာဏာပိုင်များသည် ယခု ကိစ္စအတွက် အသေးစိတ် အချက်အလက် များကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

တောင်ကိုရီးယားရှိ ပညာရှင်များနှင့် နိုင်ငံရေး သမားများက မြောက်ကိုရီးယား၏ အနုမြူ စမ်းသပ်မှုများကြောင့် နိုင်ငံတွင်း တပ်ဆင်ထားသော ဒုံးကျည်စနစ်ကို အဆင့်မြှင့်တင်ရန် တောင်းဆို လာခဲ့ကြသည်။ မြောက်ကိုရီးယား၏ စစ်ရေး လှုပ်ရှားမှုများ အတွက် ပြင်ဆင်မှုများ အမှန်တကယ် လိုအပ်နေပြီ ဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်ကလည်း ထုတ်ဖော် ၀န်ခံသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here