āအမေရိကန် နှင့် ရုရှား ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး

alt

ဇူလိုင်လ (၇)ရက်နေ့က အမေရိကန် သမတ ဘာရက် အိုဘားမား နှင့် ရုရှားဝန်ကြီးချုပ် ဗလာဒီမာ ပူတင် တို့သည် ပထမဆုံးအကြိမ် တွေ့ဆုံ ခဲ့ကြပြီးနောက် နှစ်ဖက်စလုံးက ရုရှား-အမေရိကန် ဆက်ဆံရေးသည် အခြေခိုင်မာစွာ တိုးတက်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှ Novo Ogaryovo ရှိ ရုရှား ၀န်ကြီးချုပ်၏ အဖြူနှင့် အဝါရောင်ခြယ် ရိုးရာ စံအိမ်တွင် ပူတင်၏ ဧည့်သည်တော် အမေရိကန် သမ္မတအား နွေးထွေးစွာ ကြိုဆိုခဲ့သည်။ ထို့အပြင် ပူတင်က အိုဘားမား နှင့်ရော၊ ၎င်း တာဝန်ယူနေသည့် အမေရိကန် နိုင်ငံနှင့်ပါ ရင်းနှီး နွေးထွေးစွာ ဆက်ဆံနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ကမာ္ဘ့ အင်အားကြီး နိုင်ငံနှစ်ခု၏ ခေါင်းဆောင်များသည် အရေးပါသော ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အတူတကွ ဓာတ်ပုံ အရိုက်ခံခဲ့သေးသည်။ ထို့နောက်တွင်မူ အိုဘားမားက ပူတင်အား အချိန်ပေး တွေ့ဆုံသည့် အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

အမေရိကန် သမတ၏ ရုရှား ခရီးစဉ်သည် စစ်အေးကာလ နောက်ပိုင်းတွင် တကျော့ပြန် အင်အား ကောင်းလာနေသည့် ရုရှား၏ အားပြိုင်မှု အတွက် အရေးပါသော ခြေလှမ်း တစ်ရပ်အဖြစ် ကမာ္ဘ့ရေးရာ လေ့လာသူများက သုံးသပ်လျှက် ရှိနေကြသည်။

ရုရှားအစိုးရ တာဝန်ရှိသူများက ခေါင်းဆောင်(၂)ဦး၏ ဆွေးနွေးမှုသည် (၂)နာရီမျှ ကြာမြင့်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ အိုဘားမားသည် ဇူလိုင်လ (၆)ရက် နေ့က ရုရှား သမတ မက်ဗီဒက် နှင့်လည်း တွေ့ဆုံ ခဲ့သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here