ဘုန်းတော်ကြီး ဒလိုင်းလားမား သက်တော် (၇၄)နှစ် ပြည့်ပြီ

alt

နိုဘယ် ဆုရှင် ဘုန်းတော်ကြီး ဒလိုင်း လားမား သည် ဇူလိုင်လ (၆)ရက် နေ့က သက်တော် (၇၄)နှစ် ပြည့်မြောက် သွားခဲ့ပြီ ဖြစ်သည်။

တိဘက်၏ အထွတ်အထိပ် ဘာသာရေး ခေါင်းဆောင်သည် အိန္ဒိယသို့ ရောက်ရှိ နေသည်မှာ နှစ်(၅၀)မျှ ရှိနေပြီဟု အထောက် အထားများက ဆိုသည်။

တိဘက်မှ ထွက်ပြေးလာသူ ရာပေါင်း များစွာသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့တော် နှင့် ဓမ္မဆလာမြို့ တို့တွင် စုရုံးကာ ဓမ္မသီချင်းများ သီဆိုပြီး ဒလိုင်းလားမားကို ဂုဏ်ပြုကြသလို ဘုန်းတော်ကြီး သက်တော်(၁၀၀) အထိ နေထိုင် ရပါစေကြောင်း ၀ိုင်းဝန်း ဆုတောင်းပေးခဲ့ကြသည်။ သို့သော်လည်း အချို့က ဘုန်းတော်ကြီး၏ သက်တော် တစထက်တစ အိုမင်းလာမှု အပေါ် စိုးရိမ်မကင်း ဖြစ်လျှက်ရှိနေကြောင်း သိရှိရသည်။

တရုတ် အစိုးရ၏ တင်းကြပ်သော စည်းမျဉ်းများမှ လွတ်မြောက်ရေး အတွက် ဦးဆောင် ရုန်းကန်ခဲ့သူ ကိုယ်တော်ကြီးသည် ပြီးခဲ့သော (၂)နှစ်တာ ကာလအတွင်း ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ကြံုတွေ့ခဲ့ရ သေးသည်။ သို့သော်လည်း မွေးနေ့တွင် ဒေလီမှ ဓမ္မဆလာသို့ သွားရောက်ခဲ့သည့် ဒလိုင်းလားမား ကမူ အနာဂတ် အတွက် စိုးရိမ်မှု လုံးဝ ကြောင့်ကြခြင်း မရှိခဲ့ပေ။

ကမာ္ဘကျော် ဘာသာရေး ခေါင်းဆောင်ကြီးသည် ၎င်းအတွက် ဆုတောင်းပေးသူများအား ကျေးဇူးတင်စကား ဆိုခဲ့ပြီး ရယ်ရွှန်းပတ်ရွှန်း ရယ်ရွှင်ဖွယ် စကားများသာ မိန့်ကြားခဲ့ကြောင်း သိရှိရသည်။ ကိုယ်တော်ကြီးက ၎င်း၏ ကျန်းမာရေးအတွက် မစိုးရိမ်ရန် ပြောကြားခဲ့ပြီး ၎င်းအနေနှင့် အနှစ်တစ်ထောင် သက်တမ်း မရှည်နိုင်သော်လည်း နှစ်တစ်ရာ အထိ ကျန်းမာစွာ နေနိုင်မည်ဦးဟု မိန့်ဆိုသည်။

ဒလိုင်းလားမား၏ မွေးနေ့ပွဲတွင် ဘာသာရေး ခေါင်းဆောင်များ ဦးဆောင်သည့် တိဘက် ဗုဒ္ဓဘာသာဝင် ရာပေါင်းများစွာက ဘုန်းတော်ကြီး သက်တော်ရှည်စွာ နေထိုင် နိုင်ပါစေကြောင်း ဆုတောင်းစာများ ရေးသားထားသည့် အလံငယ်များ ဝှေ့ယမ်းကာ ဂုဏ်ပြု ခဲ့ကြကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here