ပြန်ပေးသမားတို့ လက်မှ လွတ်မြောက်လာသည့် တရုတ် ခလေးငယ်

alt

တရုတ်နိုင်ငံမှ သတိ္တခဲ ကလေးငယ် တစ်ဦး သည် ကိုယ်စွမ်းကိုယ်စကို အသုံးပြုကာ အန္တရာယ်မှ လွတ်မြောက်အောင် စွမ်းဆောင် နိုင်ခဲ့သည်။

(၆)နှစ်သာ ရှိသေးသည့် ယောက်ျားလေး တစ်ဦးသည် ပြန်ပေးသမားတို့ ဖမ်းဆီးထားသည့် အခြေအနေမှ ၎င်း၏သွားများကို အသုံးချကာ ထွက်ပြေးလွတ်မြောက်လာ ခဲ့သည်။ ကလေးငယ်၏ လက်များကို ပြန်ပေးတို့က ကြိုးတုပ်ထားသော်လည်း ၎င်းက ကြိုးများကို သွားဖြင့် ကိုက်ဖြတ်ဖြေချပြီး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ထို ကလေးငယ်သည် ကျောင်းသားလေး တစ်ဦး မျှသာဖြစ်ပြီး ရှန်ဇီးခရိုင်၊ ယန်တီရန် ကျေးရွာတွင် နေထိုင်သူဖြစ်သည်။ ၎င်းအား လူ(၂)ဦးက ဇူလိုင်လ(၆)ရက်နေ့၊ နေ့လယ်ပိုင်းက မော်တော်ဆိုင်ကယ် တစ်စင်းဖြင့် ပြန်ပေး ဆွဲသွားသော်လည်း ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ကလေးငယ်သည် ပြန်ပေးတို့ ၎င်းအား ခေါ်ဆောင်လာသည့် လမ်းအတိုင်း ကျောပိုးအိတ်လေးလွယ်ကာ လမ်းလျှောက်ပြန်လာပြီး လမ်းခုလတ်တွင်တွေ့သော Taxi တစင်းအား တားကာ အိမ်အရောက် ပြန်လာခဲ့သည်။

နောက်ပိုင်းတွင် ကလေးငယ်၏ မိသားစုက ရဲဌာနသို့ အကြောင်းကြားခဲ့ပြီး ရဲများက ပြန်ပေးနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here