အာဆင်နယ် အသင်းခေါင်းဆောင် အား ဘာစီလိုနာ ခေါ်ယူလို

alt

ဘာစီလိုနာ ဥက္ကဌကြီး ဂျိုဟန် လာပေါ်တာ က ၎င်းတို့သည် အာဆင်နယ် အသင်း ကပ္ပတိန် ဆက်ဖာ ဘရီဂက် ကို ခေါ်ယူသွားရန် အလိုရှိနေကြောင်း ၀န်ခံလိုက်သည်။

ဖာဘရီဂက်သည် ဘာစီလိုနာ လူငယ်အသင်းမှ အာဆင်နယ်သို့ ပြောင်းရွှေ့ပြီးနောက် ယခုအခါတွင် ကမာ္ဘ့အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦးအဖြစ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ယခုရာသီတွင် ကွင်းလယ် ဖန်တီးရှင် တစ်ဦးအား ရှာဖွေနေသည့် ဘာစီလိုနာက ၎င်းတို့၏ ကစားသမားအား ပြန်လည် ခေါ်ယူရန် စိတ်ဝင်စားနေရာ အာဆင်နယ်သည် စပိန်နှင့် ဥရောပ ချန်ပီယံ အသင်းကြီးထံသို့ ၎င်းတို့၏ အဓိက ကစားသမား ပါမသွားစေရန် အသည်းအသန် ရုန်းကန်ရဖွယ် ရှိနေသည်။

စပိန်လက်ရွေးစင် တစ်ဦးဖြစ်သည့် ဖာဘရီဂက် ၏ သွေးထဲတွင် ဘာစီလိုနာ၏ မျိုးရိုးဗီဇ DNA များ စီးဝင်နေကြောင်း၊ ဖာဘရီဂက်သည် ၎င်း၏ ဘောလုံးသမား ဘဝ စတင်ရာ အသင်းသို့ ပြန်လာမည်ဟု ယုံကြည်ကြောင်း လာပေါ်တာ က ဆိုသည်။

အသက်(၂၁)နှစ် ရှိပြီဖြစ်သော ဖာဘရီဂက်က ၎င်းသည် အာဆင်နယ် တွင်ပင် ဆက်နေလိုပြီး အသင်းပြောင်းပါ ကလည်း ဘာစီလိုနာ ကိုပင် ရွေးချယ်မည် ဖြစ်ကြောင်း ပြောဆိုထားခဲ့ ဖူးပြီး ထို သတင်းများအရ ဘာစီလိုနာသည် ဖာဘရီဂက် ကို ပြန်လည် စိတ်ဝင်စားလာ ပြီးနောက် လီဗာပူးမှ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ် ကစားသမား ဟာဗီးယား မာချီယာနို ကို ကမ်းလှမ်းမည့် အစီအစဉ်ကိုပါ ဆိုင်းငံ့ ထားလိုက်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here