Transformers ဇာတ်ကား ဗြိတိန်တွင် ဆက်လက် အောင်ပွဲခံနေ

alt

ဗြိတိန်တွင် ရုံတင် ပြသနေသော ဇာတ်ကားများ အနက် Transformers: Revenge of the Fallen က ဆက်လက် အောင်ပွဲခံနေကြောင်း သိရှိရသည်။

မင်းသား ရှိုင်းလီဘော့နှင့် မင်းသမီး မီဂန်ဖော့စ်တို့ ဦးဆောင်ပါ၀င်သည့် Transformers သည် ဇူလိုင်လ (၂)ရက်နေ့ အထိ တပါတ်တာ အတွင်း ပေါင်စတာလင် (၄.၃)သန်းကျော် ရရှိနေပြီး ၀င်ငွေအများဆုံး ဇာတ်ကားများ စာရင်းတွင် နံပါတ်(၁)မှ ရပ်တည်နေလျှက် ရှိသည်။

(၂၀၀၇)ခုနှစ်က ထွက်ရှိခဲ့သည့် Transformers ပထမ ဇာတ်ကား၏ ကြီးမားသော အောင်မြင်မှုကြောင့် ယခု ဇာတ်ကားသည်လည်း ရုံဝင်ကြေး အမြောက်အမြား ရရှိနေဆဲ ဖြစ်သည်။ အမေရိကန်တွင် ပထမဆုံး ရုံတင်ပြသစဉ်က ပထမ တပါတ် အတွင်းမှာပင် ဒေါ်လာသန်း(၂၀၀)မျှ ၀င်ငွေ ရရှိခဲ့ပြီး စံချိန် တင်ထားသည့် Bat Man: The Dark Knight ကို မှီလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့သည်။

Transformers သည် အမေရိကန်နှင့် ဩစတြေးလျ တို့တွင်လည်း ၀င်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် ဆက်လက် ရပ်တည် နေဆဲဖြစ်သည်။

ဇူလိုင်လ (၂)ရက် နေ့အထိ ဗြိတိန်၏ တပါတ်တာ အတွင်း ၀င်ငွေအကောင်းဆုံး ဇာတ်ကားများမှာ အောက်ပါ အတိုင်းဖြစ်သည်။

  • Transformers: Revenge Of The Fallen – ပေါင်(၄.၃)သန်း
  • The Hangover – ပေါင်(၁.၉)သန်း
  • Year One – ပေါင်(၀.၉၇)သန်း
  • My Sister’s Keeper – ပေါင် (၀.၉၂)သန်း
  • Night At The Museum 2 – ပေါင်(၀.၄၉)သန်း
  • Terminator Salvation – ပေါင်(၀.၄၂)သန်း
  • Blood: The Last Vampire – ပေါင်(၀.၂၃)သန်း
  • Angels & Demons – ပေါင်(၀.၁၆)သန်း
  • New York – ပေါင်(၀.၁၅)သန်း
  • Sunshine Cleaning – ပေါင်(၀.၁၂)သန်း

LEAVE A REPLY

Please enter your comment!
Please enter your name here