ဥရောပ တွင် အကြမ်းဖက် ရာဇဝတ်မှု အများဆုံး ဗြိတိန်နိုင်ငံ

alt

ဥရောပ၏ အကြမ်းဖက် ရာဇဝတ်မှု အပေါများဆုံး နိုင်ငံများ စာရင်းတွင် ဗြိတိန်က ဗိုလ်စွဲခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ (၂)ရက်နေ့က ထုတ်ပြန်သော တရားဝင် ရာဇဝတ်မှု မှတ်တမ်းများတွင် ဗြိတိန်တွင် (၁၀)နှစ် အတွင်း ရာဇဝတ်မှု (၁၁၅၈၉၅၇)မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ ထို ပမာဏအရ ဗြိတိန်၏ အကြမ်းဖက်မှုသည် အမေရိကန် နှင့် တောင်အာဖရိက တို့ထက်ပင် ဆိုးရွားနေကြောင်း သိရှိရသည်။

ထို့အပြင် ဗြိတိန်၏ အကြမ်းဖက်မှု အရေအတွက် တိုးပွား လာနှုန်းသည်လည်း ဥရောပတွင် ဒုတိယ နေရာမှ ရပ်တည် နေခဲ့သည်။ ဥရောပ ဒေသတွင်းရှိ နိုင်ငံများဖြစ်သော် ပြင်သစ်၊ ဂျာမနီ၊ အီတလီ နှင့် စပိန် စသော နိုင်ငံများနှင့် ယှဉ်ပါက ဗြိတိန်၏ အခြေအနေသည် အတော်ဆိုးရွားကြောင်း စစ်တမ်းက ဖော်ပြလျှက် ရှိနေသည်။

ဗြိတိန်သည် ဥရောပ၏ ဓားပြ တိုက်မှုအများဆုံး နိုင်ငံစာရင်းတွင် နံပါတ် (၅)ချိတ်နေပြီး လူဦးရေ (၁၀၀၀၀၀) တွင် (၂၀၃၄) ဦးမှာ အကြမ်းဖက်မှု များနှင့် ကြံုတွေ့ ဖူးခဲ့သည့် အခြေအနေတွင် ရှိနေသည်။ ထိုပမာဏသည် အမေရိကန်၏ လူ (၁၀၀၀၀၀) လျှင် အကြမ်းဖက်မှု ကြံုတွေ့ရသည့် အရေအတွက် (၄၆၆) ဦး၊ ကနေဒါ ၏ (၉၃၅)ဦး၊ ဩစတြေးလျ ၏ (၉၂)ဦး၊ တောင်အာဖရိက ၏ (၁၆၀၉)ဦး တို့နှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်မားလျှက် ရှိနေသည်။ ယခု အခြေအနေ အတွက် ပိုမိုဂရုစိုက် ကာကွယ်မှုများ ပြုလုပ်သွားရန် ဗြိတိန် အစိုးရ တာဝန်ရှိသူများက ကြံစည် စိတ်ကူးနေကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here