သီရိလင်္ကာ စစ်ဘေး ဒုက္ခသည်များ အတွက် နေအိမ်များ ဆောင်လုပ်ပေးမည်

alt

သီရိလင်္ကာ အစိုးရက တမီလ် ကျားသူပုန် တို့အား နောက်ဆုံး ထိုးစစ်ကြီး ဆင်နွှဲစဉ် စစ်ဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွား ရသည့် တမီလ်လူမျိုး ပြည်သူများ အတွက်

နေအိမ်များ ဆောက်လုပ် ပေးမည်ဟု ကတိပြု လိုက်သည်။

အိုးအိမ်မဲ့ တမီလ် စစ်ဘေး ဒုက္ခသည်များ အတွက် ဒုက္ခသည် စခန်းများ ဆောက်လုပ်ပေးပြီး နေအိမ် အရေအတွက် (၃၀၀၀၀၀) ကိုလည်း ပံ့ပိုး ပေးသွားမည်ဟု သီရိလင်္ကာ အိုးအိမ် ၀န်ကြီးဌာနက ကြေညာ ခဲ့သည်။ ယခုအချိန်တွင် သီရိလင်္ကာ ဒုက္ခသည်များအား ဇုန် ရှစ်ခုခွဲပြီး ထားရှိကြောင်း ကုလသမဂ္ဂ နှင့် အခြား NGO အဖွဲ့များက ကြေညာခဲ့သည်။

သီရိလင်္ကာ အစိုးရက လက်ရှိ ဒုက္ခသည် အရေအတွက်မှ (၈၀) ရာခိုင်နှုန်းကို နှစ်ကုန်ပိုင်းတွင် အိမ်အသစ်များ အပ်နှံ နိုင်ဖွယ်ရှိကြောင်း ပြောဆိုထားသည်။ ကိုလံဘို ပြီးလျှင် သီရိလင်္ကာ၏ အကြီးဆုံးမြို့တော် ဖြစ်သည့် မာနစ်ဖန်း တွင် ယခုစီမံကိန်းကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း အစိုးရက အတည်ပြု ခဲ့သည်။

ထို့အတွက် ကုန်ကျငွေမှာ ရူပီးငွေ တစ်ဘီလျံ အထက် ရှိနိုင်ကြောင်းလည်း သိရှိရသည်။ ထို့အပြင် အစိုးရက NGO အဖွဲ့များထံမှ အကူအညီဖြင့် ဒုက္ခသည်များ အတွက် ကျေးရွာများ ထူထောင် ပေးသွားရန်လည်း စီစဉ်လျှက်ရှိသည်။ နေအိမ်များကိုလည်း သွပ်မိုးပေးပြီး ခိုင်ခံ့သေသပ်စွာ ဆောက်လုပ်ပေးသွားရန် ရည်ရွယ်ထားကြောင်း သီရိလင်္ကာ အိုးအိမ်ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက Times မဂ္ဂဇင်း သတင်းဌာနသို့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here