မိုက်ကယ်အိုဝင် အား မန်ယူ ခေါ်ယူတော့မည်

alt

ယခုနှစ် ဘောလုံး ရာသီတွင် ခရစ် စတီယာနို ရော်နာဒို နှင့် ကားလို့စ် တီဗက်စ်တို့ ပြောင်းရွှေ့ သွားသဖြင့် တိုက်စစ်မှူးများ ရှာဖွေ နေသည့် မန်ချက်စတာ ယူနိုက်တက် သည်

မိုက်ကယ် အိုဝင်ကို ခေါ်ယူ တော့မည် ဖြစ်ကြောင်း သိရှိရသည်။

ငှက်မြန်ကလေးဟု နာမည်ကြီးခဲ့သည့် လီဗာပူး နှင့် ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူးဟောင်း သည် နယူးကာဆယ် ယူနိုက်တက်တွင် စာချုပ် ကုန်ဆုံးပြီး အသင်း လက်မဲ့ ဖြစ်နေသူ ဖြစ်သည်။ အသက် (၂၉)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ဟောင်းကို မန်ချက်စတာ က အလွတ် ပြောင်းရွှေ့ကြေးဖြင့် အဲဗာတန်၊ အက်စတွန်ဗီလာ၊ ဟူးစီးတီး နှင့် စတုတ်စီးတီး တို့လက်မှ ကြားဖြတ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

မန်ချက်စတာသည် မကြာမီ အချိန်အတွင်း အိုဝင်အား ဆေးစစ်မှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ အိုဝင်သည် မကြာခဏ ဒါဏ်ရာများ ရရှိတတ်သူ ဖြစ်သော်လည်း မန်ချက်စတာ နည်းပြကြီး ဆာအဲလက် ဖာဂူဆန်က ၎င်းထံမှ အရည် အသွေးကောင်းများကို ညှစ်ထုတ်နိုင်ရန် မျှော်လင့်နေသည်။

မန်ချက်စတာသည် အိုဝင် အား အပြီးသတ် စာချုပ်ဖြစ်ပါက ယခုရာသီတွင် ၎င်းတို့၏ ဒုတိယမြောက် ခေါ်ယူနိုင်သော ကစားသမားအဖြစ် မှတ်တမ်းဝင် လာမည်ဖြစ်ပြီး အိုဝင် မတိုင်မီက ၀ီဂန် အက်သလက်တစ် မှ အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ အန်တိုနီယို ဗလန်စီယာအား ပြောင်းရွှေ့ကြေး ပေါင် (၁၇)သန်းဖြင့် ခေါ်ယူခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here