ချစ်သူ၏ ကိုယ်ပေါ်မှာ Tattoo ရှိစေချင်ဟု မီဂန်ဖောက်(စ်) ပြောကြား

alt

သူမ၏ ချစ်သူသည် ကိုယ်ပေါ်တွင် Tattoo တခု အနည်းဆုံး ရှိနေရမည်ဟု မီဂန်ဖော့စ်က ပြောကြား လိုက်သည်။

Transformers ဇာတ်ကားမှ မင်းသမီးသည် ကိုယ်တိုင်လည်း Tattoo ထိုး ၀ါသနာ ပါရုံမျှမက သူမ၏ ချစ်သူတိုင်းကိုလည်း Tattoo ထိုးရန် တောင်းဆို လေ့ရှိသည်။ အသက်(၂၃)နှစ်ရှိ မင်းသမီးလေးက သူမ၏ အမည်သို့မဟုတ် ရုပ်ပုံကို ခန္ဓာကိုယ်ပေါ်တွင် Tattoo မထိုးပါက သူမ၏ ချစ်သူ မပီသကြောင်း ပြောကြားခဲ့သည်။

ဖော့စ်၏ ခန္ဓာကိုယ်တွင် Tattoo စုစုပေါင်း (၈)ခု အထိ ရှိနေကြောင်း သိရသည်။ ဖော့စ်သည် မကြာသေးမီကမှ ချစ်သူဟောင်း ဘရိုင်ယန် အောစတန်ဂရင်း နှင့် ပြန်တွဲ နေသူဖြစ်သည်။ သူမ၏ ချစ်သူတိုင်း Tottoo မထိုးပါက သူမ ပြဿနာရှာသည်ကို ခံရလေ့ရှိကြောင်း ဖော့စ်က ရယ်ရယ်မောမော ပြောဆိုသွားခဲ့သည်။

သူမအား မည်မျှမြတ်နိုးကြောင်း အခြား နည်းလမ်းများဖြင့် သက်သေပြခြင်းထက် ကိုယ်ပေါ်တွင် သူမ၏ ရုပ်ပုံ(သို့မဟုတ်) အမည်ကို ရေးထိုးပြခြင်းက ပိုထိရောက်ကြောင်း ဖော့စ်က ပြောကြားခဲ့သည်။ မော်ဒယ်လ် ဘဝမှ နာမည်ကြီးလာသော မင်းသမီးလေးသည် Tattoo များ အရူးအမူး ထိုးလေ့ရှိသည့် အတွက် မိခင်နှင့်လည်း မကြာခဏ ကတောက်ကဆ ဖြစ်ရလေ့ ရှိသူဖြစ်သည်။

သို့သော်လည်း သူမ၏ Tattoo များကို နှစ်သက်သော စိတ်အား ပြောင်းလဲနိုင်မည် မထင်ကြောင်း ဖော့စ်က ၀န်ခံ ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here